
၈. ၂. ၂၀၂၅
Translated by Thettant
ထိုင်းသင်္ဘောသားတစ်ဦးနဲ့အတူ မြန်မာနိုင်ငံသားငါးဖမ်းလုပ်သား ၁၂ ဦးကို ထိုင်းရေတပ်က မနေ့ကညပိုင်းမှာ ထပ်မံ ဖမ်းဆီးလိုက်ပြန်ပါတယ်။
လှေပေါ်မှာ အလံမလွှင့်ဘဲ ထိုင်းနိုင်ငံရေပိုင်နက်မှာ တွေ့ရှိခဲ့တဲ့ သင်္ဘောကို ရနောင်းဆိပ်ကမ်းဆီ ဆိုက်ကပ်စေခဲ့သလို ထိုင်းပင်လယ်ပြင်ကို ခွင့်ပြုချက်မဲ့ ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသားတွေကို တရားစွဲထားတယ်လို့ ကနဦးသိရပါတယ်။

မြန်မာငါးဖမ်းသမားတွေကို ထိုင်း ငါးဖမ်းလုပ်ငန်းခွင်မှာ ခိုင်းစေဖို့ ခေါ်ဆောင်လာချိန် အဖမ်းခံထားရတဲ့အခြေအနေဖြစ်ပြီး ငါးဖမ်းလှေပေါ်မှာတော့ ငါးဖမ်းကိရိယာတွေ မတွေ့ဘဲ ဒီဇယ်ဆီ လီတာ ၁၆၀၀ ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၃၀ ရက်မှာ မြန်မာ့ရေပိုင်နက်ထဲ ငါးဝင်ခိုးဖမ်းတဲ့ ထိုင်းနိုင်ငံသားလေးဦးကို မြန်မာရေတပ်က မြန်မာ့ရေပိုင်နက်အတွင်း ပစ်ခတ်ဖမ်းဆီး ထောင်ချအပြီးမှာ ထိုင်းရေတပ်ဟာ မြန်မာငါးဖမ်းသမားတွေကို လက်တုံ့ပြန်ဖမ်းဆီးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ မြန်မာငါးဖမ်းလုပ်သား ၆ ဦး လိုက်ပါလာတဲ့ ပြည့်ဖြိုးလှိုင် (၂) သင်္ဘောကို တင်သွင်းခွင့်ပြုထားတဲ့ ဆားသိပ်ပုစွန်တွေသယ်ဆောင်လာမှုနဲ့ အပြစ်ရှာဖမ်းခဲ့သလို ဒီ ဖေဖော်ဝါရီ ၇ ရက်မှာလည်း မြန်မာငါးဖမ်းသမား ၁၂ ဦးကို ထပ်မံ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
Ref, Khaosod & The Thaiger
