
၈. ၂. ၂၀၂၅
Translated by Thettant
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ Maguindanao del Sur ပြည်နယ်၊ အန်ပါတူအမ်မြို့အနီး လယ်ကွင်းတစ်ခုတွင် ကြာသပတေးနေ့က အမေရိကန်ထောက်လှမ်းရေးလေယာဥ် ပျက်ကျမှုဖြစ်စဥ်၌ အမေရိကန် စစ်မှုထမ်းတစ်ဦးနှင့် ကာကွယ်ရေး ကန်ထရိုက်တာ သုံးဦး သေဆုံးခဲ့ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ စစ်ဌာနချုပ်က အတည်ပြု ပြောကြားခဲ့သည်။
လေယာဉ်သည် အမေရိကန်၏ မဟာမိတ်ဖိလစ်ပိုင်၏ တောင်းဆိုချက်အရ ထောက်လှမ်းရေး၊ ထောက်လှမ်းမှုနှင့် ကင်းထောက် ထောက်လှမ်းမှုတို့ကို ပင်တဂွန်နှင့် စာချုပ်ချုပ်ဆို ထောက်လှမ်း ပံ့ပိုးပေးသည့် ပုံမှန်လုပ်ရိုးလုပ်စဥ်မစ်ရှင်တစ်ခုကို လုပ်ဆောင်နေစဥ် ပျက်ကျခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသလို လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်အပေါ် Maguindanao del Sur ပြည်နယ်တွင် အင်ဂျင်နှစ်လုံးတပ် အပေါ့စား ထောက်လှမ်းရေးလေယာဉ် ပျက်ကျကြောင်း ဖိလစ်ပိုင် မြို့ပြလေကြောင်း အာဏာပိုင်မှ အတည်ပြု ပြောကြားခဲ့သော်လည်း အခြား အသေးစိတ်အချက်အလက်များကို ချက်ချင်းမဖော်ပြခဲ့ပေ။
အပေါ့စားထောက်လှမ်းရေးလေယာဥ်ပျက်ကျမှုတွင် သေဆုံးခဲ့သူလေးဦး၏ ရုပ်အလောင်းများကို အန်ပါတူအမ်မြို့အနီး လေယာဥ် အပျက်အစီးများကြားမှ ဆယ်ယူရရှိခဲ့ပြီဖြစ်ကြောင်း Maguindanao del Sur ၏ လုံခြုံရေးအရာရှိ Ameer Jehad Tim Ambolodto က ပြောကြားခဲ့သည်။ သို့သော် ဖြစ်စဥ်အတွင်း သေဆုံးသူများ၏ အမည်နှင့် မိသားစုဝင်များထံ အသိပေးမှုကို စစ်ရေးလျှို့ဝှက်ချက်အရ ဆိုင်းငံ့ထားဆဲဖြစ်သည်။
သေဆုံးသူစစ်မှုထမ်းသည် အမေရိကန်မရိန်းတပ်သားဖြစ်သည်ဟု အတည်ပြုသော်လည်း ကာကွယ်ရေးကန်ထရိုက်တာသုံးဦးမှာ အမေရိကန်နိုင်ငံသား ဟုတ် မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးချေ။
Ref, AP & CNN
