◾အမေရိကန်အစိုးရသစ် ဖြတ်တောက်မှုအောက် အနည်းဆုံး စီမံကိန်း ၃၄ ခုအတွက် ဒေါ်လာသန်း ၁၂၀ ကျော် ရပ်တန့်သွားသည့်အပြင် ယခုနှစ်အဖို့ ထောက်ပံ့မှုအသစ်များပါ မမျှော်လင့်နိုင်တော့

၆. ၂. ၂၀၂၅
Translated by Tha Doe
ဒေါ်လာဘီလျံများစွာ ထင်သလိုသုံးမှုနဲ့ စုံစမ်းစစ်ဆေးရပ်ဆိုင်းခံနေရတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ (USAID) ကတစ်ဆင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ မီဒီယာဖွံ့ဖြိုးရေးခေါင်းစဥ်တပ်ပြီးပေးအပ်မယ့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်ကို အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရန့်က ရပ်ဆိုင်းလိုက်ကြောင်း Human Rights Myanmar (HRM) အဖွဲ့က ထုတ်ပြန်လာပါတယ်။
USAID ကို ပိတ်ပစ်ဖို့ အမေရိကန်အစိုးရ ဆုံးဖြတ်ချက်ကြောင့် လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ ကတိပြုထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၃၉,၅၄၇,၁၄၆ ကို ဆိုင်းငံ့ထားတာဖြစ်ပြီး ဒီရန်ပုံငွေတွေကို ဘယ်အချိန်မှ ပြန်လည်ပေးအပ်မယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပြန်ပါဘူး။
မြန်မာပြည်ကို မွှေနှောက်နေတဲ့ အမေရိကန်ရဲ့USAID ပေးဖို့ကြံထားတဲ့ ကတိကဝတ် ရန်ပုံငွေတွေထဲမှာ လူ့အခွင့်အရေး ကာကွယ်ရေးခေါင်းစဥ်အောက်က စီမံကိန်း ခုနစ်ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီခေါင်းစဥ်အောက်က လုပ်ငန်း ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နဲ့ ပြည်ပထွက်ပြေးတဲ့ တရားမဝင် Exile မီဒီယာတွေကို ပံ့ပိုးပေးမယ့် အစီအစဉ် ၂ ခုအတွက် ဒေါ်လာ ၁ သန်းကို ဖြတ်တောက် ဆိုင်းငံ့လိုက်တာပါ။

ဒါ့အပြင် USAID ပိတ်သိမ်းမှုနဲ့အတူ မြန်မာနိုင်ငံထဲက စီမံကိန်း ၃၄ ခုပါ ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းသွားတာဖြစ်တဲ့အပြင် လက်ရှိ ကတိကဝတ်တွေဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၂ သန်း၊ စိုက်ပျိုးရေးအကူအညီ ဒေါ်လာ ၃၆ သန်း၊ ကျန်းမာရေးအကူအညီ ဒေါ်လာ ၂၂ သန်းနဲ့ ပညာရေးအကူအညီ ဒေါ်လာ သန်း ၃၀ ကိုလည်း ဆိုင်းငံ့လိုက်သလို ၂၀၂၅ ခုနှစ်ထဲမှာ စတင်ထောက်ပံ့မယ့် စီမံကိန်း အသစ်တွေလည်း မပါဝင်တော့ပါဘူး။
ဒါ့အပြင် လက်ရှိ ထောက်ပံ့မှုထဲက TB နဲ့ HIV ရောဂါသည်တွေအတွက် ဆေးဝါးထောက်ပံ့ဖို့ ခွဲဝေပေးမယ့် ဒေါ်လာ ၁၀ သန်းကလည်း မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်နေရပြီလို့လည်း HRM က ပြောပါတယ်။
အမေရိကန်ဟာ USAID ကတစ်ဆင့် နှစ်စဥ်သန်း ၂၀၀ နဲ့ ၃၀၀ ကြား ထောက်ပံ့တာဖြစ်ပြီး ဒီ ငွေကြေးတွေဟာ ဘင်္ဂါလီတွေ၊ မြန်မာနိုင်ငံမတည်ငြိမ်အောင် မွှေနှောက်နေတဲ့ လက်ဝေခံအဖွဲ့အစည်းတွေ၊ NUG ၊ PDF နဲ့ EAOs တွေအတွက် နည်းပညာအကူအညီတွေပေးနေတာဖြစ်ပြီး ဒီအကူအညီတွေကြောင့်ပဲ နိုင်ငံအတွင်းမှာ စစ်ပွဲတွေ အဓွန့်ရှည်နေတာဖြစ်လို့ အမေရိကန်သမ္မတထရန့်ရဲ့ ဒီရပ်ဆိုင်းမှုဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့လမ်းစလို့လည်း နိုင်ငံတော်အေးချမ်းစေလိုသူတွေက ကောက်ချက်ယူထားကြပါတယ်။
