၂၅.၁.၂၀၂၅.
Translated by Htwe Ko Tun
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်နိုင်ငံသား ရူဒီဂါ ကို့ချ်ဟာ ၃၀ စတုရန်းမီတာ(၃၂၀ စတုရန်းပေ) ရှိတဲ့ ရေအောက်ရေငုပ်လေ့လာရေးယာဉ်(Submerged capsule) ထဲမှာနေရင်း ရေအောက်မှာ ရက်ပေါင်း ၁၂၀ နေပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ရာက စက်တင်ဘာလ ၂၄ ရက်မှာတော့ ရေပေါ်ကို ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အာကာသနည်းပညာဆိုင်ရာ အင်ဂျင်နီယာတစ်ဦးလည်းဖြစ်တဲ့ ကို့ချ်ဟာ ရေအောက်မှာ ရေငုပ်လေ့လာရေးယာဉ်အတွင်း ရက် ၁၂၀ နေထိုင်နိုင်ဖို့စီစဉ်ပြီး စက်တင်ဘာလ ၂၆ ရက်ကစတင်လို့ သူ့ရဲ့ရေငုပ်ခရီးစဉ်ကို ပနားမားပင်လယ်ကမ်းခြေမှာ ပြုလုပ်ခဲ့တာပါ။
ဂင်းနစ် အကဲဖြတ်လူကြီး Susana Reyes က အရင်က အမေရိကန်နိုင်ငံသား Joseph Diရေငုပ်turi က ရေအောက်လေ့လာရေးယာဉ်အတွင်းမှာ ရက် ၁၀၀ နေခဲ့တဲ့စံချိန်ကို ကို့ချ်က ထပ်မံချိုးလိုက်နိုင်တာပဲဆိုတာ အတည်ပြုပြောခဲ့ပါတယ်။ ကို့ချ်က ရေအောက်မှာ ၁၁ မီတာ(၃၆ ပေ) ရှည်တဲ့ ရေငုပ်လေ့လာရေးယာဉ်အတွင်း ပင်လယ်ရေအောက်မှာ ရက် ၁၂၀ နေခဲ့တာပါ။
ကို့ချ်က “ပင်လယ်ရေအောက်မှာ အရာဝတ္တုတွေ ငြိမ်သက်လှုပ်ရှားမှုမရှိဘဲ မှောင်မဲပြီး ပင်လယ်ပြင်က တောက်ပလာတယ်ဆိုရင် ရေငုပ်ယာဉ်ရဲ့ ပြတင်းပေါက်တွေကကြည့်နေရတာ အရမ်းလှတာပဲ” လို့ ပြောခဲ့ပါတယ်။ “ဒီလိုအခြေအနေကို ကျွန်တော် သုံးသပ်မပြနိုင်တော့ပါဘူး၊ ကိုယ့်ဟာကိုယ် ခံစားကြည့်မှ သိမှာပါ” လို့ ဆက်ပြောခဲ့ပါတယ်။

ကို့ချ်ရဲ့ ရေအောက်ရေငုပ်လေ့လာရေးယာဉ်က အိပ်ယာ၊ သန့်စင်ခန်း၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာနဲ့ အင်တာနက် စတာတို့အပြင် လေ့ကျင့်ခန်းပြုလုပ်ဖို့ စက်ဘီး စသဖြင့် အဆောင်အယောင်ပစ္စည်းတွေကလည်း မျိုးစုံပါဝင်ပါတယ်။ ယာဉ်ရဲ့ မျက်နှာပြင်ပေါ်မှာတပ်ဆင်ထားတဲ့ နေရောင်ခြည်စွမ်းအင်ဆိုလာပြားတွေက လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်ပှာပါ။ ဒါ့ပြင် အရန်အနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်တစ်လုံးလည်း ပါဝင်ပါသေးတယ်။ ဒါပေမယ့်ရေပန်းရှိတဲ့ ရေချိုးခန်းတော့မပါပါဘူး။
ဒါ့အပြင် ရေငုပ်လေ့လာရေးယာဉ်အထဲမှာ ကင်မရာလေးလုံးတပ်ဆင်ထားပြီး ကို့ချ်ရဲ့ နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်နေတာပါ။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ကြီးကြပ်ကွပ်ကဲပေးနေတာ ဖြစ်ပါတယ်။
Susana Reyes ကတော့ “ဒီခရီးစဉ်က တကယ့်ကိုခမ်းနားကြီးကျယ်ပြီး အလုပ်အများဆုံးခရီးစဉ်တစ်ခုဆိုတာ သံသယဖြစ်စရာမလိုပါဘူး” လို့ ပြောခဲ့ပါတယ်။
Ref- AFP
