၉. ၁. ၂၀၂၃
Written by Pan Ei

Big Bang အဖွဲ့ဝင် Taeyang ဟာ အေဂျင်စီအသစ်ဖြစ်တဲ့ The Black Label လက်အောက်မှာ ပထမဆုံးသီချင်းအနေနဲ့ ‘Vibe’ လို့ အမည်ရတဲ့ သီချင်းကို လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်လွှင့်တော့မှာဖြစ်ပြီး BTS အဖွဲ့ဝင် Jimin ဟာလည်း ဒီသီချင်းမှာ တွဲဖက်အနေနဲ့ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက်မှာ Taeyang ရဲ့ အေဂျင်စီ The Black Label က ‘Vibe’ သီချင်းအတွက် ပိုစတာကို ထုတ်ပေးခဲ့တာဖြစ်ပြီး Jimin နဲ့ Taeyang နှစ်ယောက်လုံးဟာ အဆိုပါသီချင်းကို ရေးစပ်ရာမှာ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီသီချင်းဟာ Taeyang ရဲ့ Big Bang အဖွဲ့ဝင်အနေနဲ့မဟုတ်ဘဲ တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ၆ နှစ်တာအတွင်းမှာ ပထမဆုံးထုတ်လွှင့်မယ့်သီချင်း ဖြစ်လာမှာဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲမှာ ထွက်ရှိတော့မှာပါ။

ထူးထူးခြားခြားပေါင်းစပ်ထားတဲ့ အင်အားကြီးအဆိုရှင်နှစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးတွေနဲ့ ဖန်တီးထားမယ့် ‘Vibe’ သီချင်းကို ပရိသတ်တွေကလည်း စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်လျက်ရှိနေကြပါတယ်။

Ref; Allkpop

Leave a Reply

Your email address will not be published. Required fields are marked *