၁၁.၁၂.၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်း အကြီးမားဆုံး ရေကြောင်းသွားလာလှုပ်ရှားမှုလို့ ဆိုရမယ့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၅၃ စင်းနဲ့ သင်္ဘော ၁၉ စင်းတို့ကို တိုင်ဝမ်ကျွန်းအနီးမှာ တွေ့ရှိခဲ့တယ်လို့ တရုတ်တိုင်ဝမ်အစိုးရက ဒီဇင်ဘာလ ၁၁ ရက်မှာ ပြောခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် နံနက် ၆ နာရီ(ဂရင်းနစ် ၂၂ နာရီ) အချိန်အထိ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘော ၁၁ စင်းပါဝင်တဲ့ သင်္ဘောတွေကို တိုင်ဝမ်ရဲ့လေပိုင်နက်နဲ့ ရေပိုင်နက်မှာ လှုပ်ရှားနေတာ တွေ့ခဲ့ရတယ်လို့လည်း တရုတ်တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
တရုတ်တိုင်ဝမ် သမ္မတ Lai Chinbg-te ရဲ့ လွန်ခဲ့တဲ့ရက်အတန်ကြာက အမျိုးသားနေ့မှာပြောကြားတဲ့ မိန့်ခွန်းကို တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာလ ၁၅ ရက်မှာ တရုတ်က လေယာဉ် ၁၅၃ စင်းအထိ စံချိန်တင်ပါဝင်တဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုကြီးပြုပြီး နောက်ပိုင်း ဒီလှုပ်ရှားမှု တစ်နေ့ထဲမှာ လေယာဉ်စင်းရေ အများဆုံးတွေ့ရှိခြင်းလို့ဆိုပါတယ်။
တရုတ်နိုင်ငံက သူ့ရဲ့ အကြီးမားဆုံး ရေကြောင်းလေ့ကျင့်မှုကိုပြုလုပ်ခဲ့ရာမှာ အိုကီနာဝါကျွန်း၊ တိုင်ဝမ်ကျွန်းနဲ့ ဖိလစ်ပိုင်တို့ကိုဆက်သွယ်တဲ့ ပထမကျွန်းကွင်းဆက်အတွင်း စစ်သင်္ဘော ၉၀ ခန့် ချထားခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အရှေ့တရုတ်ပင်လယ်၊ တိုင်ဝမ်ရေလက်ကြား၊ တောင်တရုတ်ပင်လယ် ဒါမှမဟုတ် အနောက်ပစိဖိတ်သမုဒ္ဒရာဒေသတို့မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်ပြုလုပ်လာတာနဲ့ ပတ်သက်လို့ တရုတ်စစ်ဘက် ဒါမှမဟုတ် တရုတ်အစိုးရမီဒီယာတွေကတော့ လူသိရှင်ကြား တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။
တရုတ်တိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ထိန်းချုပ်မှုအောက်ရောက်စေဖို့ အင်အားသုံးပြီးဆောင်ရွက်ဖို့ ဘယ်တော့မှ မဆုံးဖြတ်ဘူးလို့တော့ တရုတ်အစိုးရက ပြောကြားထားပါတယ်။ ဒါပေမယ့် တရုတ် တိုင်ဝမ်သမ္မတ Lai Chinbg-te မေလ မှာ အာဏာရလာပြီးတဲ့နောက် နှစ်ကြိမ်အပါအဝင် နှစ်နှစ်အတွင်း အကြီးစားစစ်ရေးလေ့ကျင့်မှု လေးကြိမ်ကို တရုတ်နိုင်ငံက ပြုလုပ်ထားပါတယ်။
Ref-France24
