



၅. ၁၂. ၂၀၂၄
Written by Nay Moe
တပ်မတော်ထောက်ခံပြီး အမျိုးသားရေးလှုပ်ရှားသူအဖြစ် လူသိများတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းမင်း ကို လည်ပင်းလှီးဖြတ်သတ်ပြီး ဦးခေါင်းပြတ် ခြေထောက်နဲ့တက်နင်းကာ လူမှုကွန်ရက်မှာ ထုတ်လွှင့်ပြသသူ PDF လေးဦးကို ထောင် တစ်နှစ်စီချလိုက်တယ်လို့ သတ်ဖြတ်တဲ့ PDF တွေရဲ့ မိခင်တပ်ရင်း ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်က ဒီနေ့ ထုတ်ပြန်လာပါတယ်။
ဖြစ်စဥ်က နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီ အချိန်ခန့်က နေပြည်တော် – ကံပြား လမ်းပိုင်းတစ်နေရာမှာ ကိုမင်းမင်း ကို ရက်ရက်စက်စက် လည်ပင်းလှီးဖြတ်ပြီး ခြေထောက်နဲ့တက်နင်းတဲ့ရုပ်သံကို လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့တဲ့ PDF ဇင်နိုင်ဖြိုး၊ မင်းသူ ၊ ကျော်ခိုင်နဲ့ ဝေဇင် တို့ ၄ ဦးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့ စစ်ဆေးချက်အရ IHL-IHR နဲ့ ငြိစွန်းနေတာကြောင့် ဒီ PDF ၄ ဦးကို ထောင်အချုပ် ၁ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
MT News စုံစမ်းသိရသမျှ စစ်သုံပန်းအဖြစ် ဖမ်းမိသွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းမင်းကို ရက်ရက်စက် စက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တဲ့ PDF လေးဦးဟာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်က ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်းက PDF တွေဖြစ်ပြီး သူတို့ တပ်ရင်းမှူး အောင်ဟိန်းဖြိုး (ခ)ဗိုလ်ကျီးဇိုးဟာ နိုဝင်ဘာလ ၂၅ ရက်က ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမတစ်နေရာမှာ ကျည်ထိမှန်သေဆုံးခဲ့တာကြောင့် ကိုမင်းမင်းကို အငြိုးထားစုံစမ်းပြီး လက်တုံ့ပြန်သတ်ဖြတ်လိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။
ကိုမင်းမင်းကို သတ်ဖြတ်သလိုမျိုးပဲ NUG ရဲ့ အထူးစစ်ဆင်ရေးတပ်ခွဲဖြစ်တဲ့ ရေးဘီလူး PDF အဖွဲ့က အဖွဲ့ခေါင်းဆောင် ရေးဘီလူးဟာလည်း စစ်သုံပန်းအဖြစ် ဖမ်းဆီးထားသူကို ရက်ရက်စက်စက်လည်ပင်းခုတ်ဖြတ်သတ်တဲ့ရုပ်သံဖိုင် ဒီဇင်ဘာ ၃ ရက်မှာ ထွက်ပေါ်လာပေမဲ့ ရေးဘီလူးရဲ့ ဒီစစ်ရာဇဝတ်မှုကို NUG က အရေးမယူဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
◾ ရေးဘီလူး ကျူးလွန်သော စစ်ရာဇဝတ်မှု ဖတ်ရှုရန်
