သက်တံ့
၂၀. ၁၁. ၂၀၂၆
နိုင်ငံတော်အဆင့် အရာရှိကြီးများ၏ ကင်းလွတ်ခွင့်များကို လေးစားလိုက်နာခြင်းသည် အထူးအရေးကြီးကြောင်း အသိအမှတ်ပြုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နှင့် အလားတူ အခြားအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်းအချက်အပါအဝင် ဒေါ်နယ်ဒ်ထရမ့်၊ ရှီကျင့်ဖျင်နှင့် ပူတင်တို့ သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးက သဘောတူညီချက်လေးခု ထုတ်ပြန်လိုက်သည်ဟု အိမ်ဖြူတော်က အတည်ပြုကြေညာသည်။
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ် ဂျေ ထရမ့်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်တို့သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရှန်ကျန်းမြို့၌ တွေ့ဆုံခဲ့ကြသည်။
အမေရိကန်နှင့် ရုရှား နိုင်ငံ့အကြီးအကဲများက သမိုင်းဝင် သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။ နိုင်ငံ့အကြီးအကဲ သုံးဦးတို့သည် လက်ရှိ နိုင်ငံတကာအခြေအနေများအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာမြောက် တည်ငြိမ်ရေးနှင့် နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်သွားရန် ကတိပြုခဲ့ကြပြီး ကတိကဝတ်လေးခုကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကတိကဝတ်များမှာ
(၁)။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့်အားလျော်စွာ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ကုလသမဂ္ဂအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်စေရန်နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသော ၎င်း၏ အခြေခံရည်မှန်းချက်နှင့် ကိုက်ညီစေရန်အတွက် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲသွားရန် ကတိပြုခဲ့ကြသည်။
(၂) နိုင်ငံအားလုံး၏ အကျိုးစီးပွားအတွက် သန့်စင်ပြီး ရေနံထွက်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို တိုးမြှင့်သွားရန် သုံးနိုင်ငံစလုံးက စီစဉ်ထားသည်။ တည်ငြိမ်သော စွမ်းအင်စီးဆင်းမှုများ၏ အရေးပါပုံကိုလည်း သုံးနိုင်ငံခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့ကြသည်။
(၃) သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီမှုဆိုင်ရာ အခြေခံမူနှင့် နိုင်ငံတော်အဆင့် အရာရှိကြီးများ၏ ကင်းလွတ်ခွင့်များကို လေးစားလိုက်နာခြင်းသည် အထူးအရေးကြီးကြောင်း နိုင်ငံ့အကြီးအကဲ သုံးဦးစလုံးက အသိအမှတ်ပြုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နှင့် အလားတူ အခြားအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်း သဘောတူညီခဲ့ကြသည်။
(၄) နျူကလီးယားစစ်ပွဲသည် အနိုင်ရရှိနိုင်မည့် စစ်ပွဲမဟုတ်သကဲ့သို့ မည်သည့်အခါမျှ မတိုက်ခိုက်သင့်ကြောင်းကိုလည်း နိုင်ငံ့အကြီးအကဲ သုံးဦးစလုံးက ထပ်လောင်းအတည်ပြုခဲ့ကြသည်။ နျူကလီးယားဆိုင်ရာ အန္တရာယ်များ လျှော့ချရေးနှင့် နျူကလီးယားလက်နက် ပြန့်ပွားမှု တားဆီးရေးတို့အတွက် သုံးနိုင်ငံအကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ဟု ဖြစ်ကြောင်း သိရသည်။
Ref: White House
