ပုံစာ။ ပြည်ကြီးတံခွန်မြို့နယ်တွင် ယခုလပိုင်းအတွင်းဖြစ်ပွားသော မီးလောင်မှုအား ငြှိမ်းသတ်နေမှုမြင်ကွင်း (Photo - Than Htay)
၅.၁၂.၂၀၂၄
Written by KL
မန္တလေးတိုင်းဒသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် (၁၁)လမ်းရှိ ၂ ထပ်နေအိမ်တစ်လုံးတွင် ဒီဇင်ဘာလ ၄ ရက် နံနက်အစောပိုင်းက ခြင်ဆေးခွေထွန်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
သွပ်မိုး၊ ကျောက်ပြားကာ၂ ထပ်နေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ အဝတ်ထည့်ထားသော ဂျပ်ဖာပုံးကို မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ယင်းနေအိမ်တွင် နေထိုင်သူအမျိုးသားမှာ မှန်ရှသဖြင့် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ်(၅)စီး၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့သည်။
မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်အမျိုးသမီးကို ပြည်ကြီးတံခွန်နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
