MT News

Written by Tha Doe

ကိုဗစ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေမှုအတွက် ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည့်အပြင် ရင်းနှီးမြှုပ်နှံငွေများရရှိရေးပါ ဆောင်ရွက်ပေးမည်ဟု SAC ဥက္ကဋ္ဌက အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ဆွေးနွေးပြောကြားသည်။

ထိုသို့ ချေးငွေများ ဆိုင်းငံ့ပေးမည့်အပြင် ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ပေးမည်ဖြစ်သော်လည်း နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးများ ထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း ပြည့်မီအောင် ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကိုလည်း အပြည့်အဝ ပေးသွင်းရန်လိုကြောင်း၊ လာမည့်ဘတ်ဂျက်ကာလများတွင် နိုင်ငံစီးပွား ဖွံ့ွံ့းတိုးတက်ရေးရံပုံငွေအတွက် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှရရှိရန် ကျန်ရှိသည့် ချေးငွေများ ပြန်လည်ရရှိမည်ဆိုပါက ချေးငွေများကို ပိုမိုပြည့်ဝစွာထပ်မံ ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ် သုံးစွဲငွေများရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများကိုလည်း အတတ်နိုင်ဆုံးထုတ်ပေးသွားမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

ထို့အပြင် MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို ပုဂ္ဂလိကအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ကြရန်လိုအပ်ပြီး နေရောင်ခြည်စွမ်းအင်နှင့် လေအားတို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လိုအပ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက်လိုအပ်သည့် ဒီဇယ်ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အစိုးရမှ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်ချက်များကို မိမိတို့ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ MSME လုပ်ငန်းများအတွက် မြေနေရာလိုအပ်မှုကို နိုင်ငံတော်မှ မြေနေရာများ ချမှတ်ဆောင်ရွက်ပေးနေသကဲ့သို စိုက်ပျိုးမြေများပေါ်တွင် စက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သီးနှံထွက်နှုန်းနည်းပါးသွားမည်ဖြစ်သဖြင့် စားရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မြေနေရာများကိုမူ ခွင့်ပြုပေး၍ ရနိုင်မည်မဟုတ်ဘဲ မြေလွတ်မြေရိုင်းများပေါ်တွင် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်ရေးကိုသာ နိုင်ငံတော်မှ ခွင့်ပြုပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတိုနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း စနစ်ကျသည့်မွေးမြူမှုမှာ နည်းပါးနေသဖြင့် မွေးမြူရေးကုန်ကြမ်းများအားလုံး ပြည်တွင်း၌ လုံလောက်စွာ ရှိပြီးဖြစ်သော်လည်း အရည်အသွေးပြည့်မီရန်လိုနေကာ မွေးမြူရေးကို မိရိုးဖလာ မွေးမြူရေးထက် စနစ်ကျနသည့် မွေးမြူရေးဖြစ်ရန်လိုကြောင်း ပြောကြားသည်။ အဆိုပါ အချက်များအပြင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုဖြစ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်လျက်ရှိပြီးပြည်ပ တင်သွင်းနေရမှုများ ရှိသကဲ့သို ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း မျိုးစေ့ကို ကိုယ်တိုင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်းနှင့် နိုင်ငံတော်မှလည်း မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး အတွက် သုသေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေလုံလောက်စွာ ရရှိရန်လိုအပ်သကဲ့သို သွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရန်လိုကြောင်း၊ ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများ ရရှိရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရာဘာထုတ်လုပ်မှုကဏ္ဍ ဖွင့်ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ရာဘာအထွက်နှုန်းများ ကောင်းမွန်ရေးနှင့် အရည်အသွေးပြည့်မီသည့် ရာဘာကုန်ကြမ်းများ ရရှိ အောင် နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပမှ ရာဘာ တရားမဝင် တင်သွင်းမှုများကို ထိရောက်စွာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ရန်ကုန်တိုင်းရှိ MSME လုပ်ငန်းရှင်များကို ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *