၂၉.၁၁.၂၀၂၄.
Translated by Htwe Ko Tun
မြန်မာနိုင်ငံအတွင်းတွင် ဥပဒေနှင့်ဆန့်ကျင်သော အလုပ်များလုပ်ကိုင်ရန် ဖြားယောင်းသွေးဆောင်ခံရမှု သွားရောက်ရန်အသုံးပြုသည့် အမှတ်(၁၂) အဝေးပြေးလမ်းမကြီးပေါ်တွင် နှစ်နိုင်ငံနယ်စပ်အနီး၌ စစ်ဆေးရေးဂိတ်တစ်ခုကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ထူထောင်ခဲ့ကြောင်း ရဲမှူးချုပ် ဆာရူတီ ကွန်ဆိုပါက နိုဝင်ဘာလ ၂၇ ရက်က ပြောခဲ့သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲလည်းဖြစ်သော ဆာရူတီက စစ်ဆေးရေးဂိတ်မှာ မဲဆောက်ခရိုင်အတွင်း အမှတ်(၁၂) အဝေးပြေးလမ်းမပေါ်တွင် ရှိကြောင်း၊ ထိုလမ်းမကြီးကို မြန်မာနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကြရန် ခရီးသွားလာရေးအတွက် နိုင်ငံခြားသားများက အသုံးပြုကြကြောင်း ပြောခဲ့သည်။
အထောက်အထားများအရ ထိုင်းနိုင်ငံသို့ရောက်ရှိလာသော နိုင်ငံခြားသားများစွာက မဲဆောက်မြို့ကိုဖြတ်ကာ မြန်မာနိုင်ငံအတွင်းသို့ ဥပဒေနှင့်အညီဖြစ်စေ ဥပဒေနှင့်မညီဘဲဖြစ်စေ ဝင်ရောက်ကြသည်ကိုတွေ့ရပြီး၊ အချို့ဆိုလျှင် ဥပဒေနှင့်မညီသော အလုပ်အကိုင်များတွင် လုပ်ကိုင်ရန် ဖြားယောင်းခံထားကြရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အမှတ်(၁၂) အဝေးပြေးလမ်းမကို အသုံးပြု၍ နိုင်ငံခြားသားများက မြန်မာနိုင်ငံသို့ ခရီးသွားကြရာတွင် တရားဝင်လမ်း ကြောင်းများမှလည်းကောင်း၊ နယ်စပ်ဖြတ်ကျော် သဘာဝလမ်းကြောင်းများမှလည်းကောင်း ဝင်ရောက်ကြကြောင်း၊ ထို့ကြောင့် ထိုစစ်ဆေးရေးဂိတ်က နယ်စပ်ဖြတ်ကျော်ခရီးသွားရောက်မည့် နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်လူမျိုးများကို သေချာစွာစစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။
၎င်းက မြန်မာနိုင်ငံအတွင်း တရားမဝင်အလုပ်များတွင် လုပ်ကိုင်ရန် ဖြားယောင်းသွေးဆောင်ခံရပြီးနောက် နိုင်ငံအတွင်းသို့ ဝင်ရောက်မှုက ထိုသူတို့အတွက် ဘေးအန္တရာယ်ရှိကြောင်းလည်း ပြောခဲ့သည်။
Ref- Bangkok Post