◾ ဂိုဏ်းဖွဲ့သောင်းကျန်းနေသည့် မြန်မာလူငယ်များမှာ နစက ကို တိုက်ခိုက်နေသည့် PDF အဖွဲ့များမှ ဖြစ်နေဟု ပြောဆိုနေကြ
၂၃.၁၁.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံတွင် ဂိုဏ်းဖွဲ့သောင်းကျန်းနေသော မြန်မာနိုင်ငံသားလူငယ်အဖွဲ့ကို အမြန်ဖမ်းဆီးရန် ထိုင်းဘုရင့်ရဲများ ကော်မရှင်နာ ရဲချုပ် Kittirat Panphet က နိုဝင်ဘာလ ၂၂ ရက်တွင် အမိန့်ထုတ်လိုက်သည်။
အဆိုပါ ဂိုဏ်းဖွဲ့သောင်းကျန်းနေသော နိုင်ငံခြားသား (မြန်မာလူငယ်များ)၏ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေခြင်းဖြစ်ပြီး ယင်းအပြုအမူများမှာ နိုင်ငံခြားသားတစ်စု၏ ထိုင်းနိုင်ငံဥပဒေများကို ဖီဆန်ရန် ဂိုဏ်းဖွဲ့ထားသည့် ပုံဖြစ်နေသည့် ဟန်တူအပြုအမူကို တွေ့ရှိသောကြောင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့ (ရဲမှူးချုပ်) ရဲချုပ် Kittirat Panphet က ဗဟိုအစည်းအဝေးခေါ်၍အထက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။






လူမှုကွန်ရက်တွင် ယင်းအဖွဲ့၏ ရုပ်သံကို ဖော်ပြထားရာ၌ “ဆုံခဲ့ 037” ဟု ရေးသားထားပြီး အများစုမှာ စတစ်ကာပါ အနက်ရောင်အင်္ကျီများကို တူညီဝတ်ဆင်ထားကြသည်ကိုတွေ့ရသည်။
ယင်းအဖွဲ့မှာ မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားလူငယ်များဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ယင်းအဖွဲ့က အဖွဲ့ သွားလာလှုပ်ရှားနေသည့် Video ဖိုင်များကို လူမှုကွန်ရက်တွင် တင်ထားကြကြောင်းလည်း သိရသည်။
Video ဖိုင်များကို မြင်တွေ့ရသည့် ထိုင်းနိုင်ငံသားများကလည်း အဆိုပါဖိုင်ကို ကန့်ကွက်ရှုတ်ချနေကြကြောင်းလည်း ထိုင်းဒေသတွင်း သတင်းများက ဆိုသည်။




Video ဖိုင်ကိုစစ်ဆေးကြည့်ရှု၍ တွေ့မြင်ရသည့်အပေါ် နိုင်ငံရပ်ခြားမှ လူတစ်စု၏အပြုအမူသည် နိုင်ငံ၏ ဥပဒေများကို စိန်ခေါ်ရန်ဂိုဏ်းတစ်ခုအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေအသီးသီးရှိ တာဝန်ရှိသူများအနေဖြင့် အဆိုပါနိုင်ငံခြားသား(မြန်မာလူငယ်များ)ဂိုဏ်းအဖွဲ့ကို အကြောင်းအမျိုးမျိုးဖြင့် အကာအကွယ်ပေးထားကြောင်း စစ်ဆေးတွေ့ရှိရပါကလည်း ဥပဒေအရ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ထိုင်းရဲချုပ်က ပြတ်ပြတ်သားသား ပြောဆိုထား သည်။
ယခုအခါ Video ရိုက်ကူး၍ ထုတ်လွှင့်ခဲ့သည့် နေရာများကို စစ်ဆေးမှုများပြုလုပ်၍ ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ဒုရဲမှူးကို တာဝန်ပေးထားပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။





“နယ်ပယ်အားလုံးမှာ နိုင်ငံခြားသားတွေကို ဥပဒေဘောင်အတွင်းမှာပဲနေဖို့ အလေးထားတယ်။ ဒီလို အပြုအမူမျိုးကို ထိုင်းနိုင်ငံမှာ တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။ အခုလို အပြုအမူတွေကို လုပ်တဲ့သူတွေကြောင့် ထိုင်းကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာ စိတ်ပူမိတယ်။ အများက ပြောနေကြတာတော့ ထိုင်းကိုရောက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေလို့ ပြောတယ်”ဟု ဘန်ကောက်ရောက် မြန်မာနိုင်ငံသားတစ်ဦးက MT News ကို ပြောသည်။
Sources-today.line , naewna , mgronline
