April 29, 2024

လူသွားလမ်းဘေးတွင် ရှာဖွေတွေ့ရှိသည့် မိုင်းများ

Written by Tha Doe

စစ်ကိုင်းတိုင်းဒေသကြီး လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF တို့ ထောင်ထားသည့် မိုင်း ၃၂ လုံးအား ရှင်းလင်းပေးခဲ့ရကြောင်း SAC က ထုတ်ပြန်ထားသည်။

NUG နှင့် PDF တို့က လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခဲ့ရာ လှတောကျေးရွာနှင့် ဝက်လက်မြိုသွား ကားလမ်းတစ်လျှောက်၌လည်း လက်လုပ်မိုင်းများ ထောင်ထားကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပိုချက်အရ လုံခြုံရေး တပ်ဖွဲဝင်များက အောက်တိုဘာ ၁ ရက်တွင် မိုင်းရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ ဒေသန္တရ လက်လုပ်မိုင်း မျိုးစုံ ၃၂ လုံးတိုအား ထပ်မံရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

အလားတူ ရေဦးမြိုနှင့် ရွှေဘိုမြိုသွား ကားလမ်းမကြီး တစ်လျှောက် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ လုံခြုံရေး တပ်ဖွဲဝင်များက မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ NUG နှင့် PDF များထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ် လက်ပစ်ဗုံး ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ထိုသို့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါလမ်းများ တစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံအေးချမ်း တည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *