၃. ၁၀. ၂၀၂၂
Written by Nay Moe

သထုံခရိုင်ရှိ PDF ၂၅ ဖွဲ့ ပူးပေါင်းပြီး KNU တပ်မဟာ (၁) တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းလိုက်သည်ဟု အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နယ်မြေအတွင်း လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲဖြစ်သည့် ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က DENKO ဆီဘောက်ဆာယာဉ် အားဖမ်းပြီး ဆီ ဂါလံ ၉၀၀၀ ဖောက်ယူ ရောင်းချသည့်ဖြစ်စဥ်တွင် လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း KNU က ငြင်းဆိုချက်ထုတ်ပြန်အပြီး KNU က သထုံခရိုင် တပ်မဟာ ၁ နှင့် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်အဖွဲအစည်းများ လိုက်နာရမည့် စည်းကမ်းချက် ၂၅ ချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုသို ထုတ်ပြန်ခဲ့ပြီးနောက် PDF များ၏ တပ်များအပါအဝင် ၂၅ ဖွဲ့ဖြင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဖွဲစည်းခဲ့ခြင်းဖြစ်သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *