MT News

Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုတွင် တစ်သက်တွင်တစ်ခါဟုဆိုရမည့် ပြင်းထန်လှသောနှင်းမုန်တိုင်းကြောင့် ဒီဇင်ဘာ ၂၆ ရက်အထိ နိုင်ငံအနှံ့သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၅၇ ဦးရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

အီးရီး ခရိုင်တွင်ဆိုလျှင် နှင်းများဖုံးလွှမ်းလျက်ရှိနေသေးပြီး လမ်းများမှာ ဖြတ်သန်းသွားလာ၍မရဖြစ်နေကာ ဒီဇင်ဘာ၂၇ ရက် မွန်းလွဲပိုင်းအထိ နှင်းများဆက်လက်ကျဆင်းနေမည်ဟုမျှော်လင့်ရသည်။ နိုင်ငံတစ်ဝန်းလုံးတွင် အပူချိန် ဆက်လက်ကျဆင်းနေပြီး ခရီးသွားလာမှုများရပ်ဆိုင်း၍ လူများမှာ အိမ်များအတွင်း၌သာ ပိတ်မိနေကြသည်။ ဘတ်ဖဲလိုးခရိုင်၏ နေရာအများစုမှာလည်း နှင်းမုန်တိုင်းကြောင့် သွားလာရေးမလွယ်ကူဖြစ်နေရသည်။ ထို့ကြောင့်လည်း နှင်းမုန်တိုင်းကြောင့် သေဆုံးရသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်သေးကြောင်း ခန့်မှန်းထားကြသည်။

ကနေဒါနိုင်ငံနှင့်နယ်စပ် Great Lake ကန်ကြီးမှ တောင်ဘက် မက္ကဆီကိုနယ်စပ်အထိ သက်ရောက်နေသော နှင်းမုန်တိုင်းကြောင့် ဒီဇင်ဘာ၂၆ ရက်နံနက်အထိ သေဆုံးခဲ့ရသူ ၅၇ ဦးမှာ ကော်လိုရာဒို၊ အီလီနွိုက်စ်၊ ကန်ဆတ်၊ ကန်တပ်ကီ၊ မီချီဂန်၊ မစ်ဆိုရီ၊ နီဘရာစကား၊ နယူးယော့ခ်၊ အိုဟိုင်းအိုး၊ အုတ်ကလာဟိုးမား၊ တန်နက်ဆီနှင့် ဝစ်ကွန်ဆင် ပြည်နယ် ၁၂ ခု၌ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နှင်းမုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံနေရသော နေရာတစ်ခုဖြစ်သည့် နီဘရာစကားပြည်နယ်၊ ဘက်ဖဲလိုးခရိုင်တွင် ဘတ်ဖဲလိုးလေဆိပ်၌ နှင်းထု လေးပေကျော်အထိ ကျဆင်းနေကြောင်း အမေရိကန်အမျိုးသားရာသီဥတုဌာနက ဒီဇင်ဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်တွင် နိုင်ငံတစ်ဝန်း လေကြောင်းခရီးစဉ် ၁,၂၀၀ ကျော်ထိ ဖျက်သိမ်းပြီး အနည်းဆုံး ၅၀၀ ခန့်မှာလည်း နှောင့်နှေးနေရရာ အားလပ်ရက်ခရီးသွားမည့်သူများမှာ နိုင်ငံတစ်ဝန်းလေဆိပ်များ၌ သောင်တင်နေကြောင်း သိရသည်။

အမေရိကန်နိုင်ငံအရှေ့ပိုင်းပြည်နယ်များတွင် အများစုမှာ ဒီဇင်ဘာ ၂၆ ရက်တစ်လျှောက် အအေးဒဏ်ဆက်လက်ပြင်းထန်နေပြီး ဒီဇင်ဘာ ၂၇ ရက်တွင်မှ အလွန် မပြင်းထန်သည့် အခြေအနေသို့ရောက်နိုင်မည်ဟု အမျိုးသားရာသီဥတုဌာနက ခန့်မှန်းထားသည်။

Ref—- NBC News

Leave a Reply

Your email address will not be published. Required fields are marked *

Related News