ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကို တွေ့ရစဉ်။

၂၇. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ရုရှားနိုင်ငံ တာ့စ်သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းပွဲတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မသိအရာရှိများက ပြောကြားချက်များတွင် ရုရှားသမ္မတပူတင်အား လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်ဖော်ပြခဲ့ကြောင်း ပြောကြားသွားခဲ့သည်။

လက်ဗ်ရော့ဗ်က အမေရိကန်၏ အမည်မသိကာကွယ်ရေးဝန်ကြီးဌာနပုဂ္ဂိုလ်များ ပြောကြားချက်များအနေဖြင့် အမေရိကန်အစိုးရက ရုရှားအစိုးရအား ခေါင်းဖြတ်မည့်တိုက်ခိုက်မှု ဆောင်ရွက်သွားမည်ဟု ပြောကြားနေကြောင်း၊ အမှန်တကယ်တွင် ၎င်းက ရုရှားသမ္မတပူတင်အား လုပ်ကြံသတ်ဖြတ်ရန် အားထုတ်ခြိမ်းခြောက်ခြင်းဟု ဆိုလိုမှုဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

၎င်းက ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးပြုလုပ်ရန် တစ်စုံတစ်ယောက်က အကြံဉာဏ်ရှိခဲ့သည်ဆိုလျှင် ထိုသူအနေဖြင့် ဖြစ်လာနိုင်မည့် အကျိုးဆက်များကို ကောင်းစွာစဉ်းစားသင့်ပါကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင် လက်ရော့ဗ်က အနောက်အုပ်စုအနေဖြင့် နျူကလီးယားနယ်ပယ်မှနေ၍ ရုရှားနှင့်ထိပ်တိုက်တွေ့ဆုံရန် အရိပ်လက္ခဏာများ ပြသခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆာဂျီလက်ဗ်ရော့ဗ်က ထိုသို့ပြုလုပ်နေခြင်းက အမေရိကန်အနေဖြင့် ရှိသမျှဂုဏ်သိက္ခာအားလုံးကို ချွတ်ခြုံကျအောင် ခါချနေသကဲ့သို့ပင်ဖြစ်ကြောင်း၊ ဟိတ်ဟန်များလွန်းသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ်က အမြင်သာဆုံးသော နမူနာပင်ဖြစ်ကြောင်း၊ ၎င်းဆိုလျှင် ဝန်ကြီးချုပ်မဖြစ်မီ ရွေးကောက်ပွဲ မဲဆွယ်မှုကာလက အကယ်၍ ၎င်းဝန်ကြီးချုပ်ဖြစ်လာလျှင် နျူကလီးယားစစ်ဆင်နွှဲရန် အသင့်ရှိကြောင်း ဟိတ်ဟန်တကြီးပြောခဲ့ရာမှ ဝန်ကြီးချုပ်ရာထူးမှ များမကြာမီ ထွက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

Ref—-Tass.com

Leave a Reply

Your email address will not be published. Required fields are marked *