Photo - Kaiza Tin Moong Facebook
MT News
Antibiotics Band အဆိုတော်၊ Alternative Music တွေကို အဓိက သီဆိုခဲ့တဲ့ အဆိုတော် ကိုင်ဇာတင်မုံ ဟာ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)မှာ နှလုံးရပ်တန့်ပြီး Golden City နေအိမ်မှာ ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။
ကိုင်ဇာတင်မုံ ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် အဆိုတော် ဟန်ထူးလွင်ကလည်း” Speechless “လို့ ဝမ်းနည်းမှတ်တမ်းတင်ခဲ့သလို ကိုင်ဇာတင်မုံရဲ့ ကိုင်ဇာတင်မုံရဲ့ ပရိသတ်တွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနုပညာရှင်တချို့ကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ကိုင်ဇာတင်မုံဟာ Antibiotics Band အဆိုတော် Alternative Music တွေကို ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနဲ့ ဂီတလောကမှာ နာမည်တစ်ခုကို ထူထောင်နိုင်ခဲ့သလို “ရွှံ့စေးခြေထောက် ၊ အတ္တ ငါ ၊ မျက်နှာ ၊ သူတို့ထွက်လာပြီ ” Album ၄ ခွေ ထွက်ရှိခဲ့ပြီးတော့ ဆေးလိပ်၊ အာကာသပြတိုက်၊ ဂြိုဟ်သား စတဲ့သီချင်းတွေက သူ့ပရိသတ်တွေကြားမှာလည်း အကြိုက်တွေ့ပြီး နာမည်ကျော်ခဲ့ပါတယ်။
ကိုင်ဇာတင်မုံဟာ ကွယ်လွန်ချိန်မှာ အသက် ၄၂ နှစ်ရှိနေပြီဖြစ်ပြီး အဆိုတော်သားစိုးကတော့ “R.I.P ကိုင်ကိုင်ရေ (ကိုင်ဇာတင်မုံ-Antibiotic)။ သွားနှင့်ဦးပေါ့ကွာ” လို့ နှုတ်ဆက်ခဲ့တာလည်း တွေ့ရပါတယ်။
