MT News

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝက်ကုန်းရပ်(ဒေသအခေါ်)ရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာ၂၂ ရက် ည ၈ နာရီကျော်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတည်း ရှိနေစဉ် လုယက်သတ်ဖြတ်ခဲ့သည့် လင်မယား ၂ ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

” အဲဒီလင်မယားက တစ်ရပ်ကွက်ထဲအတူနေထိုင်ပြီးတော့ ကျွန်မဆီမှာလည်းမကြာခဏ ငွေကြေးကိစ္စနဲ့ရောက်လာနေကြပါ။ အဲဒီနေ့က ကျွန်မအပြင်သွားချိန် အမေပဲ ရှိနေချိန် သူတို့လင်မယားက စောင့်ကြည့်ပြီးတော့ ဆွဲကြိုးကိုတက်လုကြတာ။ သူတို့ကိုသိသွားလို့ အနားမှာတွေ့တဲ့ သနပ်ခါးတုံးနဲ့ ထုနှက်သတ်ဖြတ်ခဲ့ကြတာတဲ့။ လုပ်ရက်လိုက်ကြတာ” ဟု အသတ်ခံရသည့်အဖွားအို၏ သမီးဖြစ်သူက MT News သတင်းဌာနမှ မေးမြန်းစုံစမ်းမှုကို ယခုလိုပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမရပူရမြို့မရဲစခန်းတွင် (ပ)၂၅၈/ ၂၀၂၂ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ အမူ့ဖွင့်ထားပြီး တရားခံများအားဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ အဆင့်ဆင့်သတင်းများချပြကာ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် အခင်းဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင်သက်သေခံရွှေထည်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

ပြစ်မူကျူးလွန်ခဲ့သည့် တရားခံများဖြစ်ကြသော ပြည့်ဖြိုးအောင်(ခ)ဖိုးလပြည့်၊ ၂၉နှစ်၊ ကြေးဘုရားလုပ်၊ မှန်တန်းရပ်ကွက်၊ ဝက်ကုန်းရပ်(အိမ်ငှားနေထိုင်သူ)နှင့် ၎င်း၏ဇနီးဖြစ်သူ မခိုင်ခိုင်စိုး၊ ၃၆နှစ်၊ မှန်တန်းရပ်ကွက်၊ ဝက်ကုန်းရပ်(အိမ်ငှားနေထိုင်သူ) တို့အား သက်သေခံ ဆွဲကြိုးရောင်းချရရှိခဲ့သည့် သုံးစွဲဲပြီး ကျန်ရှိငွေ ၃၁၂၃၀၀၀ ကျပ်နှင့်အတူ ပြည့်ဖြိုးအောင် (ခ)ဖိုးလပြည့်၏မိခင် နေထိုင်ရာ သာမိုးရပ်(ဒေသအခေါ်)၊ အကွက်(၄၉၀)၊ တမ္ပဝတီရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *