September 8, 2024

၁၈.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် ၊ ငွေပင်လယ်(၂) လမ်းရှိ ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်သော Sewell Garment (Myanmar) Indistrial Co., Ltd အထည်ချုပ်စက်ရုံမီးလောင်မှုမှာ စကားပြန်အခန်းရှိ Aircon Safe Guard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“CCTVမှတ်တမ်းမှာတော့ စကားပြန်ခန်းက အဲယားကွန်းကို ပိတ်ခဲ့ပြီး Safe Guard ကို ပိတ်ဖို့မေ့ရာကနေ အဲ့ဒီ Safe Guard က အပူလွန်ကဲပြီး မီးလောင်တာ”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

​သြဂုတ်လ ၁၈ ရက် နံနက်အစောပိုင်းက ၂ နာရီ​ကြာ အထည်ချုပ်စက်ရုံ မီးလောင်မှုကြောင့် အလျား ၁၁၀ ပေ၊အနံပေ ၂၂၀ရှိ Steel Structure ၁ ထပ် အထည်ချုပ်စက်ရုံ အဆောက်အအုံနှင့် ပိတ်လိတ် ၁၅၀၊ ချည်လုံးများ၊အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ပိတ်ဖြတ်စက်တို့ မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ စကားပြန်လုပ်ကိုင်သည့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးကို ပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်​မြို့မရဲစခန်းက အမှုဖွင့်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *