မွန်ပြည်နယ်လေဆိပ်မြင်ကွင်းကို တွေ့ရစဥ်(ဓာတ်ပုံ-မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး)

၂၁. ၁၂.၂၀၂၂
Written by Ye Kyaw

လေယာဥ်ပြေးလမ်းတိုးချဲ့ရန် အခက်အခဲရှိနေခြင်းကြောင့် မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦးသစ် ဖွင့်ပွဲတွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မော်လမြိုင်လေယာဥ်ကွင်းသည် မြို့နှင့်နီးကပ်ခြင်း၊ တက္ကသိုလ်နှင့် နီးကပ်ခြင်းတို့ကြောင့် ခေါက်ရေတိုးချဲ့ပြေးဆွဲရန် ကန့်သတ်ချက်ရှိခြင်း၊ လေယာဥ်ပြေးလမ်းအား တိုးချဲ့ရန် ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ရန်အတွက် စီမံနေခြင်းဖြစ်သည်။

ထို့အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွက် အထောက်အကူပြုနိုင်သည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဥ်အမျိုးအစားအားလုံး ဆင်းသက်နိုင်သည့် အဆင့်မီလေယာဥ်ကွင်းတစ်ခု တည်ဆောက်ရန် စီမံဆောင်ရွက်နေသာ်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြင့် ပြည်တွင်းပြည်ပ ခရီးစဥ်များ ဆောက်ရွက်လျက်ရှိပြီး၊ ပြည်တွင်းခရီးစဥ်များအတွက် အမ်းလေဆိပ်၊ ပုဂံလေဆိပ်၊ ထားဝယ်လေဆိပ်၊ ဟဲဟိုးလေဆိပ်၊ ဟုမ္မလင်းလေဆိပ်၊ ကလေးလေဆိပ်၊ ခန္တီးလေဆိပ်၊ ကော့သောင်းလေဆိပ်၊ မော်လမြိုင်လေဆိပ် စသည့်လေဆိပ်များမှတစ်ဆင့် ပြေးဆွဲပေးလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *