ဓာတ်ပုံ -ကရုဏာတွဲလက်လူမှုကူညီရေးအသင်း
၂၅.၄.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် သုံးထိပ်မှတ်တိုင်အနီးတွင် Probox ယာဥ်မှ လမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦးကို အရှိန်လွန်တိုက်မိရာ ယာဥ်တိုက်ခံရသူအမျိုးသားမှာ အခင်းနေရာ၌သေဆုံးသွားပြီး ယာဥ်မှာမောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ မေလ ၂၅ ရက် နံနက် ၅ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီ ၄၀ မိနစ်တွင် အမျိုးသားတစ်ဦးယာဥ်တိုက်ခံရကြောင်း သတင်းရရှိသောကြောင့် ကရုဏာတွဲလက်လူမှုကူညီရေးနှင့် မေတ္တာအလင်းရောင်အသင်းမှ သွားရောက်ကူညီခဲ့ပြီး ရုပ်အလောင်းကို မေတ္တာအလင်းရောင်အသင်းမှ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“အဲ့ဒီနားက သူတွေပြောတာကတော့ လမ်းဖြတ်ကူးတဲ့အချိန် အတိုက်ခံရတာ။ Probox ယာဥ်က တိုက်တာလို့ပြောတယ်။ အဲ့ဒီယာဥ်ကတော့ ထွက်ပြေးသွားတယ်။ အတိုက်ခံရတဲ့သူက ငါးဒိုင်မှာလုပ်တာနဲ့တူတယ်။ ယာဥ်တိုက်ခံရပြီး အလောင်းပိုင်ရှင်တွေရောက်လာကြတယ်”ဟု ကရုဏတွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။
ယာဥ်တိုက်ခံရမူကြောင့် သေဆုံးသွားသည့် အမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ရှိပြီး လှိုင်သာယာ၊ ဗထူး (၁၃) လမ်း၊ ( ၃) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားဖြစ်ကြောင်း သိရသည်။
