September 8, 2024

၁၈.၅.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ထုံးပေါက်တောအုပ်စု၊ ကံရွာလေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦး နေအိမ်၌ အိပ်ပျော်နေစဥ် ပါးစပ်ထဲမှ သွေးများအန်ထွက်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

​ထိုဖြစ်စဥ်မှာ မေလ ၁၇ ရက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် သေဆုံးနေသည့် အမျိုးသားကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ရုပ်အလောင်းကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဆေးစစ်ချက်ရမှ သိရမှာ။ သူတို့က အိမ်ထောင်ကွဲထားတာ။ အခုသူက သူ့ရဲ့သားနဲ့နေတာ။ အိမ်မှာလူမရှိချိန်သေနေတာ။ သူရဲ့တူမက သေနေတာကို သိလို့ဆိုပြီး အုပ်ချုပ်ရေးမှူးတို့ကို အသိပေးတာ” ဟု ရုပ်အလောင်းကို သွားရောက်သယ်ဆောင်သည့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုသေဆုံးသည့် အမျိုးသားမှာ အသက် (၄၀) အရွယ်ရှိကြောင်း၊ သေဆုံးမူနှင့်ပတ်သက်ပြီး သိရှိရခြင်းမရှိသေးကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *