၃၀. ၄. ၂၀၂၄
Written by Nay Moe

ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြင်ဦးလွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဘဏ္ဍာရေးတာဝန်ခံအဖြစ် PDF ထောက်ပို့လုပ်နေတဲ့ မလေးရှားနိုင်ငံနေ မနီလာဟာ မလေးရှားနိုင်ငံမှာပဲ ယာဥ်တိုက်မှုနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ NUG, PDF တွေကို မလေးရှားကနေ အလှူငွေကောက် ထောက်ပံနေတဲ့ မနီလာဟာ ဧပြီ ၂၆ ရက်ကဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပြီး ဧပြီ ၂၉ ရက်မှာတော့ မြန်မာလူမှုကူညီရေးအသင်း (KFFS) အကူအညီနဲ့ သင်္ဂြိုဟ်ခဲ့တာပါ။

“ပကဖ ဘဏ္ဍာရေးတာဝန်ခံ မနီလာ မလေးရှားတွင် အက်ဆီဒင့်ဖြင့် သေဆုံးကြောင်း ကြေငြာအပ်ပါတယ် တာဝန်ကျေခဲ့ပါတယ်ရဲဘော်#ပြင်ဦးလွင် ပကဖ (သတ်ပုံ-မူရင်း) ” လို့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ယာဥ်တိုက်မှုနဲ့ အသက် ၃၆ နှစ် အရွယ်မှာ သေဆုံးသွားတဲ့ မနီလာကို ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြင်ဦးလွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဘဏ္ဍာရေး တာဝန်ခံအဖြစ်ကနေလည်း နုတ်ထွက်ခွင့်ပြုတယ်လို့လည်း ပြင်ဦးလွင်ပကဖကကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News