လွန်ခဲ့သည့် ၁၀ နှစ်ကျော်က မြုပ်နှံခဲ့သည့် ရုပ်အလောင်း ပြန်လည်တူးဖော်ထားမှု တွေ့ရစဥ်

၁၅.၁၂.၂၀၂၂

Written by Nay Aung

လွန်ခဲ့သည့် ၁၀ နှစ်ကျော်က မြှုပ်နှံခဲ့သော အမျိုးသမီးရုပ်အလောင်းတစ်လောင်းကို ပြန်လည်တူးဖော်ချိန်တွင် ရုပ်အလောင်းပျက်စီးခြင်းမရှိသေးဘဲ ရုပ်အလောင်း၏ ဦးခေါင်းတစ်ခုလုံးနီးပါး ဆံပင်များပေါက်နေသည့်ကို တွေ့ရှိရသဖြင့် လူအများ အံအားသင့်လျက်ရှိနေကြောင်း သိရသည်။

မာဂါရီတာ ရိုဆာရီယိုအမည်ရှိအမျိုးသမီးသည် ပြီးခဲ့သည့် ၁၀နှစ်ကျော်က ဒိုမီနီကန်ပြည်ထောင်စုတွင် သေဆုံးခဲ့ပြီး ရိုဆာရီယို၏ မိသားစုက မွန်တာနာသုသာန်တွင် မြုပ်နှံထားခဲ့ရာမှ မာဂါရီတာ ရီဆာရီယိုအမည်ရှိအမျိုးသမီး၏ ရုပ်အလောင်းကို အခြားနေရာ ပြောင်းရွှေ့ရန် ပြန်လည် တူးဖော်ခဲ့ကြောင်းသိရသည်။

ရီဆာရီယိုအမည်ရှိအမျိုးသမီး၏ ရုပ်အလောင်းကို တူးဖော်ပြီးအခြားနေရာသို့ ပြောင်းရွှေ့မှုကို ရုပ်သံဗွီဒီယိုဖိုင်ဖြင့် မှတ်တမ်းတင်ခဲ့ရာ ရုပ်သံဖိုင်ထဲတွင် ညဝတ်ဂါဝန်ဝတ်ဆင်ထားသော မာဂါရီတာ ရီုဆာရီယို၏ ရုပ်အလောင်းသည် အသက်ရှင်ချိန်က ရှိနေသည့်ပုံစံမျိုးအတိုင်းဖြစ်နေပြီး ရုပ်အလောင်း၏ဦးခေါင်းတွင် ဆံပင်များ အပြည့်ပေါက်နေဆဲဖြစ်ကြောင်း၊ မိသားစုဝင်များကထုတ်ဖော်ပြောဆိုခဲ့သည်။

“မာဂါရီတာ ရီုဆာရီယိုရဲ့ ရုပ်အလောင်းဟာ အသက်ရှင်ချိန်တုန်းက ပုံစံမျိုးသာရှိနေဆဲဖြစ်တယ် “ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

La Colonia သုသာန်တွင် အလုပ်လုပ်နေသည့် အန်တိုနီယို အာဘရူက သေဆုံးသူ၏မိသားစုဝင်များသည် မာဂါရီတာ ရီုဆာရီယို၏ ရုပ်အလောင်းကိုတွေ့မြင်ရချိန်တွင် အံအားသင့်တုန်လှုပ်သွားခဲ့ကြောင်း၊ မာဂါရီတာရိုဆာရီယိုအမည်ရှိအမျိုး သမီး၏ရုပ်အလောင်းသည် နှစ်ပေါင်းများစွာကြာ မြှပ်နှံခံထားရသော်လည်း အရိုးများပေါ်တွင် အရေပြားများရှိနေဆဲဖြစ်ကြောင်း ပြောသည်။

အန်တိုနီယို အာဘရူက” ကျွန်တော်ဟာ သုသာန်မှာ အလုပ်လုပ်နေတာ ၁၃ နှစ်ကြာနေပါပြီ။ ဒီလိုမျိုးဖြစ်ရပ်မျိုးတစ်ကြိမ်မှ မတွေ့ကြုံဖူးဘူး” ဟုဆိုသည်။

မိသားစုဝင်များက မာဂါရီတာ ရိုဆာရီယိုအမည်ရှိအမျိုးသမီးသည် အသက်ရှင်သန်ချိန်ကာလအတွင်း ကောင်းမွန်သည့် စိတ်ထားနှင့်အပြုမှုများရှိနေသည့်အတွက်ရုပ်အလောင်း မပျက်စီးဘဲရှိနေခြင်းဖြစ်ကြောင်း ယုံကြည်နေသည်။

Ref, Metro

Leave a Reply

Your email address will not be published. Required fields are marked *

Related News