အိန္ဒိယနိုင်ငံအရှေ့ပိုင်း အရူနာချေ ပရာဒက်ရှ် ပြည်နယ်အတွင်း နှစ်နိုင်ငံနယ်စပ် တာဝမ် ဒေသတွင် The Line of Actual Control မျဉ်းကြောင်း သို့ သွားသည့်လမ်းတစ်ခုအား တွေ့ရစဉ်

၁၃. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အရူနာချေ ပရာဒက်ရှ် ပြည်နယ်အတွင်း အငြင်းပွားနေသော နယ်စပ်တစ်လျှောက် ယခင်ရက်သတ္တပတ်က ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဘက်စလုံး၌ အငယ်စားထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း အိန္ဒိယစစ်ဘက်က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယစစ်ဘက်၏ ကြေညာချက်တစ်ရပ်တွင် အရူနာချေ ပရာဒက်ရှ် ပြည်နယ်၏ တာဝမ်ဒေသတွင် ဒီဇင်ဘာ ၉ ရက်က ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် နှစ်ဖက်စလုံးမှတပ်ဖွဲ့များက အမြန်ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြခဲ့သည်။ တရုတ်ဘက်ကမူ ပစ်ခတ်မှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မပြောကြားသေးပေ။

၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက နှစ်နိုင်ငံနယ်စပ် လာဒက်ရှ်ဒေသအတွင်း ဂါလ်ဝန်ချိုင့်ဝှမ်းရှိ ကာရာကိုရမ်တောင်တန်းများပေါ်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။ အနည်းဆုံး အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးနှင့် တရုတ်ဘက်မှ လေးဦးကျဆုံးခဲ့ကာ နှစ်ဘက်စလုံးမှပင် အမြောက်ကြီးများ၊ တင့်ကားများ၊ တိုက်လေယာဉ်များ အကူအညီဖြင့် နှစ်ဖက်အငြင်းပွားနေသော နယ်စပ်ဒေသအတွင်း ပိုင်းခြားသတ်မှတ်ထားသည့် The Line of Actual Control မျဉ်းကြောင်းတစ်လျှောက် ထောင်နှင့်ချီသော တပ်ဖွဲ့များ ချထားခဲ့ကြသည်။

The Line of Actual Control မျဉ်းကြောင်းမှာ အနောက်ဘက်တွင် လာဒက်ရှ်ပြည်နယ်မှ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အရူနာချေ ပရာဒက်ရှ် ပြည်နယ်အထိ နှစ်နိုင်ငံပိုင်နက်နယ်မြေများကို ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်သည်။ တရုတ်က ထိုနယ်မြေတစ်ခုလုံးကို ၎င်း၏ပိုင်နက်အဖြစ် တောင်းဆိုထားသည်။ နယ်စပ်အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား ၁၉၆၂ ခုနှစ်ကလည်း စစ်ပွဲဖြစ်ပွားခဲ့သေးသည်။

၂၀၂၀ ပြည့်နှစ် ပစ်ခတ်တိုက်ခိုက်မှုများမှစ၍လည်း နှစ်ဖက်စစ်ဘက်တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ အဓိက သဘောထားကွဲလွဲရာ လာဒက်ရှ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ကြသည်။ သို့သော် အာရှ၏ အင်အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုများက ဆက်လက်တည်ရှိနေခဲ့သည်။

Ref-AP

Leave a Reply

Your email address will not be published. Required fields are marked *