FAM Trips များဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သူအချို့အားတွေ့ရစဉ်

၁၂. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်စေရေးအတွက် Myanmar Airways International (MAI) က ယမြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ တိုင်းရင်းသားပြည်သူများ၊ အနုပညာများနှင့် ရှုခင်းမျိုးစုံကို တွေ့ရှိခံစားအလေးထားရန် ပြည်ပခရီးသွားကိုယ်စားလှယ်များနှင့် လူမှုကွန်ရက်များတွင် ထင်ရှားလူသိများသူများအတွက် FAM Trips (Familiarisation Trip) များ မြှင့်တင်ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။

နိုဝင်ဘာလအတွင်းက MAI လေကြောင်းက ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ KOL (Key Opinion Leader) နှင့် FAM Trips များကို မြန်မာခရီးသွားအဖွဲချုပ်(MTF)နှင့် မြန်မာခရီးသွားဈေးကွက်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် စီစဉ်ဆောင်ရွက်ခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများက ရန်ကုန်၊ ပဲခူး၊ ကျိုက်ထီးရိုးဘုရားစသည်ဖြင့် ထင်ရှားသည့်နေရာများသို့ သွားရောက်ကြသည်။ သို့သော် ၎င်းတို့အနေဖြင့် FAM Trips ခေါ်  ပိုမိုရင်းနှီးကျွမ်းဝင်မှုဖြစ်စေမည့် ခရီးစဉ်များကြောင့် လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ခရီးသွားအကျိုးဆောင်ကိုယ်စားလှယ်များနှင့် စားသောက်ဆိုင်များ စသည်တို့၏ အထောက်အကူဖြင့် ပုံဂံ၊ မန္တလေး စသည့်မြို့များကိုပါ လည်ပတ်ရန် အခွင့်အလမ်းများရရှိခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံမှ KOL တစ်ဦးဖြစ်သူ မစ္စတာ ထရန်ဗီယက်ဖောင်က မြန်မာနိုင်ငံအလည်ခရီးစဥ်အတွင်း ပုဂံသို့ ရောက်ရှိ လည်ပတ်ခဲ့ရခြင်းက များစွာအမြင်ကျယ်စေခဲ့ပြီး ထူးခြားသောအတွေ့အကြုံများ ရစေခဲ့ကြောင်း ပြောခဲ့သည်။ MAI လေကြောင်း၏ စီးပွားရေးဆိုင်ရာအရာရှိချုပ် မစ္စတာတိန်းစ်ကူမားကလည်း အဆိုပါ FAM Trips များက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်စေရန် ရှေးဦးဆောင်ရွက်မှုများအနက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဒေသတွင်း ခရီးသွားတို့ အဓိကလာရောက်ရာနေရာဖြစ်စေရေးအတွက် စီးပွားဖက်လုပ်ငန်းများနှင့် ပူးပေါင်းကာ တိုက်ရိုက်လေကြောင်းလိုင်းများ တိုးမြှင့်ပျံသန်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ထိခိုက်မှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ စုပေါင်းဆောင်ရွက်မှုများက ခရီးသွားဦးရေ ပြန်လည်မြင့်တက်လာနိုင်သည်ဟု ယုံကြည်ရပေသည်။

Ref, TravelDailyNews

Leave a Reply

Your email address will not be published. Required fields are marked *