၂. ၄. ၂၀၂၄
Translated by Htwe Ko Tun

ဖင်လန်နိုင်ငံ၊ မြို့တော်ဟယ်လ်ဆင်ကီး၏ ဆင်ခြေဖုံး ဗင်တာရှိ Viertola ကျောင်းတွင် ယနေ့ ဧပြီ ၂ ရက်၊ နံနက် ၉ နာရီက ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ကလေးငယ်သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပစ်ခတ်သူသေနတ်သမားကိုလည်း ဖမ်းမိခဲ့ရာ ၎င်းကလည်း အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးပင် ဖြစ်ကြောင်း ဖင်လန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူကလေးများက အသက် ၁၃ နှစ်အရွယ်ရှိကြပြီး ဆေးရုံသို့ အမြန်တင်ပို့ပေးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ၎င်းတို့၏အခြေအနေကိုမူ လတ်တလောတွင် မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားရာသို့ လူအများအပြားရောက်ရှိလာကြသော်လည်း ရဲတပ်ဖွဲ့က အနီးသို့ မဝင်ရောက်ကြရန် တားမြစ်ထားပြီး အနီးအနားရှိ အိမ်များသို့လည်း လူစိမ်းများအားတံခါးဖွင့်ဝင်ရောက်ခွင့်မပေးရန် ပြောကြားထားသည်။နောက်ပိုင်းတွင် ဖမ်းမိခဲ့သောသေနတ်သမားက အသက်မပြည့်သေးသော ကလေးငယ်တစ်ဦးဟုဆိုသော်လည်း အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးဟုတ်မဟုတ် ရှင်းလင်းစွာ မသိရှိရပေ။

Viertola ကျောင်းတွင် ပထမတန်းမှ နဝမတန်းအထိ ကျောင်းသူကျောင်းသား ၈၀၀ ခန့် တက်ရောက်လျက်ရှိကြပြီး ကျောင်းဝန်ထမ်း ၈၀ ဦးခန့်ရှိသည်။

Ref -Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *

Related News