၁. ၄. ၂၀၂၄
Written by Nay Moe

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၃၀ ရပ်ကွက်က အုပ်ချုပ်ရေးမှူးဇနီးမောင်နှံကို မနေ့က နေ့လယ်ပိုင်းမှာ သတ်ဖြတ်လိုက်တယ်လို့ Project Home မြို့ပြပြောက်ကျား UG တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရဲဝန်ထမ်းဟောင်းအုပ်ချုပ်ရေးမှူးဦးကြည်ထွန်းနဲ့ ဇနီးဖြစ်သူတို့ကို မတ်လ ၃၁ ရက် နေ့လယ် ၂ နာရီခွဲအချိန် ဗိုလ်ဇင်ယော် (၁) လမ်း နေအိမ်ကနေအထွက်မှာ Project Home PDF အဖွဲ့က နောက်ကနေ ပစ်သတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းက နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို အမျိုးသမီးဖြစ်သူဒေါ်စန္ဒာအေးမှာလည်း ဒဏ်ရာအပြင်းအထန်ခဲ့ရတာကြောင့် မင်္ဂလာဒုံ စစ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းဟာ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရေးလုပ်ဆောင်နေတာကြောင့် သတ်ဖြတ်လိုက်တယ်လို့လည်း Project Home UG အဖွဲ့က NUG ရဲ့မီဒီယာဖြစ်တဲ့ PVTV ကို ဖြေဆိုထားတာ တွေ့ရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသွားဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလုံခြုံရေးမောင်းနှင့်တဲ့ သုံးဘီးဘေးတွဲယာဉ်နဲ့ ထွက်ခွာလာတဲ့ အုပ်ချုပ်ရေးမှူးဇနီးမောင်နှံဟာ Project Home အဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးကြည်ထွန်းမှာ ဦးခေါင်းထိမှန်ဒဏ်ရာ (၁) ချက်၊ နဖူးထိမှန်ဒဏ်ရာ (၁) ချက်၊ ရင်ညွန့် ထိမှန်ဒဏ်ရာ (၁) ချက်၊ ယာနံဘေး ထိမှန်ဒဏ်ရာ (၂) ချက်နဲ့ သေဆုံးခဲ့ပြီး ဒေါ်စန္ဒာအေးမှာ ကျောကုန်းထိမှန်ဒဏ်ရာ (၂) ချက် (စိုးရိမ်ရ) ထိမှန်ခဲ့သလို ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာက 9MM Luger ကျည်ခွံ (၇)ခု တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *