၂၇. ၃. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးလို့ဆိုသူကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ လူစုဆောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင်လို့ အမည်တပ်ပြီး PDF သုံးဖွဲ့ပေါင်းကာ သတ်ဖြတ်လိုက်ပါတယ်။

ဖြစ်စဥ်က မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှာ မင်းလှမြို့၊ အမှတ် (၈) ရပ်ကွက်၊ စက်ကြီးတန်းလမ်းမှာနေထိုင်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို နေအိမ်ခြံဝန်းအတွင်း PDF သုံးဖွဲ့ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်လို့ သေနတ်ကျည် ၁၂ ချက် ထိမှန်တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ချိန် လမ်းမှာသေဆုံးသွားတာပါ။

PDF တွေက ကိုမျိုးမြင့်အောင်ကို ပျုစောထီးခေါင်းဆောင်ဆိုပြီး ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပေမဲ့ PDF သုံးဖွဲ့ဝင်ရောက်ပစ်ခတ်ချိန်မှာတော့ ကိုမျိုးမြင့်အောင်မှာ သေနတ်ရှိမနေခဲ့သလို လာရောက်သတ်ဖြတ်တဲ့ PDF တွေကလည်း ဝင်ရှာပေမဲ့မတွေ့ခဲ့တာကြောင့် ကိုမျိုးမြင်အောင်ဟာ ကျည် ၁၂ ချက်နဲ့ တစ်ဖက်သတ် ပစ်သတ်ခံလိုက်ရတဲ့အခြေအနေပါ။

ဒီပစ်ခတ်သတ်ဖြတ်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက်မဲ့သူတစ်ဦးကို ဝင်သတ်တာဖြစ်လို့ PDF တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *