၂၆.၃.၂၀၂၄
Written By Thandar

Miss Universe Yangon 2024 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာဆွီဒင်လူမျိုးခြား ကပြားမလေး သက်စံအန်ဒါဆန်ကတော့ Miss Universe Myanmar ကိုယ်စားပြု အလှမယ်တစ်ယောက် ဖြစ်ချင်တယ်လို့ ဖွင့်ဟလာပါတယ်။

“ငယ်ငယ်က တီဗီမှာ Miss Universe တွေပြိုင်တာကို တွေ့ဖူးတော့ အရမ်းလှတယ်။ တော်တော့်ကို သဘောကျတယ်။ အခုဒီချိန်မှာ ကျွန်မလည်း ဝင်ပြိုင်ဖြစ်တာပါ။ Miss Universe Myanmar ကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်ချင်တယ်။ ကျွန်မကိုယ်တိုင်လည်း Miss Universe Myanmar တစ်ယောက်ဖြစ်ကိုဖြစ်မယ်ဆိုတာကို နှလုံးသားထဲကကို သိနေတယ်။ ကျွန်မ လုပ်နိုင်မယ်ဆိုတာကို ကိုယ့်ကိုကိုယ် ယုံကြည်ပါတယ်။ အဲဒါကြောင့်လည်း ဒီနှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ” လို့ အလှမယ် သက်စံအန်ဒါ ဆန်က ပြောပါတယ်။

သူမကတော့ ဘာသာစကားအနေနဲ့ အင်္ဂလိပ်၊ မြန်မာ၊ ဆွီဒင်၊ ကိုရီးယား၊ ပြင်သစ် ဘာသာစကားတွေ တတ်မြောက်ထားသူလည်း ဖြစ်ပါတယ်။ အလှမယ် သက်စံ Andersen ငယ်စဉ်က မြန်မာလိုနဲ့ အင်္ဂလိပ်နဲ့ ဆွီဒင်လိုပဲ ပြောတတ်ခဲ့ပြီးတော့ ပြင်သစ်ဘာသာစကားကို ကျောင်းမှာသင်ခဲ့ဖူးတဲ့အပြင် ကိုရီးယားဘာသာစကားကိုကတော့ အသက်ကြီးမှ ထပ်သင်ထားတာလည်းဖြစ်ပါတယ်။ Miss Universe Myanmar အ တွက် ကိုယ်တိုင်က ယုံကြည်မှု အပြည့်ရှိနေသူလည်း ဖြစ်ပါတယ်။

“ကျွန်မ ဒီပြိုင်ပွဲကို ပြိုင်ဖို့ ငယ်ငယ်လေးတုန်းက အဲ့လောက်ထိ ယုံကြည်မှုမရှိဘူး။ အခုဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုက လုံးဝ အပြည့်ရှိတယ်။ ကျွန်မ နှလုံးသားထဲက ဖြစ်ချင်တဲ့ အရာကို ကျွန်မလုပ်နိုင်မယ်ဆိုတာကို အပြည့်အဝ ယုံကြည်တယ်။ ကျွန်မဘဝမှာ ကျွန်မလုပ်ချင်တာတွေကို အကုန်လုပ်တယ်။ Miss Universe ကို အခုလည်း ဝင်ပြိုင်ချင်တဲ့အတွက်ကို ဝင်ပြိုင်တာပါ၊ ကျွန်မမိဘတွေကလည်း အမြဲတမ်း Supportive ဖြစ်ပါတယ်။ ကျွန်မ ဒါကို လုပ်နိုင်လိမ့်မယ်လို့လည်း သူတို့က ယုံကြည်ကြတယ်။ ဒါပေမယ့် ကျွန်မအားနည်းချက်က သီချင်းမဆိုနိုင်တာကိုလည်း သူတို့ သိတော့ အဲဒီအတွက်ပဲ စိတ်ပူလို့ သီချင်းမဆိုဖို့တော့ မှာထား တယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *