ဒက္ကာမြို့အတွင်း Golabagh အားကစားကွင်းကြီး၌ ဒီဇင်ဘာလ ၉ ရက် ညပိုင်းမှစ၍ ဆန္ဒပြအင်အားစုများစုရုံးနေကြစဉ်

၁၀. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက္ကာတွင် အာဏာရအဝါမီလိဂ်ပါတီအစိုးရအားဆန့်ကျင်၍ ဝန်ကြီးချုပ် ဟာစီနာ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ ၁၀ ရက်တွင်မူ အဓိကအတိုက်အခံ BNP ပါတီက ခေါင်းဆောင်သည့် ကြီးမားသောဆန္ဒပြပွဲကြီးတစ်ခု ဒက္ကာမြို့တွင် ပြုလုပ်ရန်ရှိကြောင်းသိရသည်။

BNP ပါတီက ပထမတွင် ဆန္ဒပြပွဲကြီးအား ၎င်းတို့ပါတီရုံးချုပ်ရှေ့၌ ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ ဒက္ကာမြို့အတွင်း Golabagh အားကစားကွင်းကြီး၌ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် စတင်ကျင်းပရန် စီစဉ်ခဲ့ကြောင်းသိရသည်။ သို့သော် BNP ပါတီ ထောက်ခံသူများနှင့် စည်းရုံးလှုပ်ရှားသူများပါဝင်သော ဆန္ဒပြလူစုကြီးက ဒီဇင်ဘာ ၉ ရက် ညပိုင်းမှစ၍ Golabagh အားကစားကွင်းကြီးအတွင်း စတင်ရောက်ရှိကာ စုဝေးအော်ဟစ်ကြွေးကြော်မှုများ ပြုလုပ်လျက်ရှိကြသည်။

ဒက္ကာမြို့၏ အခြေအနေမှာ တင်းမာလျက်ရှိကာ အမေရိကန်နှင့် UK ကဲ့သို့ နိုင်ငံခြားသံရုံးများက ၎င်းတို့နိုင်ငံသားများကို ဆန္ဒပြပွဲများအား ရှောင်ရှားကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ref—-Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *

Related News