၁၈.၃.၂၀၂၄
Translated by Htwe Ko Tun

ရုရှားနိုင်ငံတွင် မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်ထိ သုံးရက်ကြာပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအနက် မတ်လ ၁၈ ရက် မော်စကိုမြို့စံတော်ချိန် နံနက် ၇ နာရီ (ဂရင်းနစ်စံတော်ချိန် နံနက် ၄ နာရီ) အထိ ဆန္ဒမဲပေးမှု ၉၉ ဒသမ ၄၃ ရာခိုင်နှုန်းအားရေတွက်ပြီးစီးခဲ့ရာတွင် လက်ရှိသမ္မတ ပူတင်က ထောက်ခံမဲ ၈၇ ဒသမ ၃၂ ရာခိုင်နှုန်းရရှိကာ ဦးဆောင်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုတ် တွင် ဖော်ပြခဲ့သည်။

ကွန်မြူနစ်ပါတီမှ သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်သူ နီကိုလေး ခါရီတိုနော့ဗ်က ထောက်ခံမဲ ၄ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယမဲအများဆုံးရခဲ့ကာ New People Party မှ ဗလာဒီဆလတ်ဗ် ဒါဗန်ကော့ဗ်က ထောက်ခံမဲ ၃ ဒသမ ၇၉ ရာခိုင်နှုန်းဖြင့် တတိယမဲအများဆုံးရခဲ့ပြီး LPDR ပါတီမှ လီယွန်နစ် ဆလတ်ဆကီးက ထောက်ခံမဲ ၃ ဒသမ ၁၉ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်။

သမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ၎င်း၏ ဆဌမအကြိမ်မြောက် သမ္မတသက်တမ်းရယူမှုအဖြစ် နောက်ထပ်ခြောက်နှစ် သမ္မတရာထူးကို ဆက်လက်ရယူသွားမည်မှာမေးခွန်းထုတ်စရာမရှိတော့ကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့ကြသည်။

ရုရှားအစိုးရ အရာရှိဟောင်းကြီးတစ်ဦးဖြစ်သူ အိုလက် မိုရိုဇော့ဗ် ကမူ ယခုရွေးကောက်ပွဲက သမ္မတဖြစ်သူနှင့် နိုင်ငံ၏ရှေ့ဆက်မည့်လမ်းကြောင်းတို့ကိုသာ ရွေးချယ်ခြင်းမျိုးမဟုတ်ကြောင်း၊ နိုင်ငံ၏ လူမှုအဖွဲ့အစည်း၏ လက်ရှိနှင့် အနာဂတ်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးကိုတည်ဆောက်ခြင်းလည်းဖြစ်ကြောင်းပြောကြားခဲ့ကြသည်။

Ref- Tass, Moscow Times

Leave a Reply

Your email address will not be published. Required fields are marked *