၉. ၃. ၂၀၂၄
Written by Pan Ei

နာမည်ကျော် ဂရမ်မီဆုရ ဂီတပညာရှင်နဲ့ သရုပ်ဆောင် အာရီယာနာ ဂရန်ဒီဟာ သူမရဲ့သတ္တမမြောက်အယ်လ်ဘမ်ဖြစ်တဲ့ “Eternal Sunshine” ကို မတ်လ ၈ ရက် သောကြာနေ့က ဖြန့်ချိခဲ့ပါတယ်။

နိုင်ငံတကာမှာ နာမည်ကျော် လူကြိုက်များခဲ့တဲ့ “Thank U, Next”၊ “7 Rings”၊ “Positions” တို့လိုမျိုး သီချင်းတွေရဲ့ အဆိုရှင် အာရီယာနာ ဂရန်ဒီရဲ့မနေ့က ထွက်ရှိခဲ့တဲ့ အဲ့ဒီ အယ်လ်ဘမ်သစ်ဟာ သုံးနှစ်အတွင်း သူမရဲ့ပထမဆုံးအယ်လ်ဘမ်ဖြစ်ပြီး သီချင်းအပုဒ်ရေ ၁၃ ပုဒ် ပါဝင်ပါတယ်။

“Eternal Sunshine” ရဲ့ ခေါင်းစီးသီချင်း “Yes, and?”ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်လွှင့်ခဲ့ပြီး အယ်လ်ဘမ်ထဲက “We Can’t Be Friends (Wait for Your Love)” သီချင်းအတွက် ဂီတဗီဒီယိုကိုတော့ မနေ့က အယ်လ်ဘမ်အပြည့်နဲ့အတူ ထွက်ရှိခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့အဖွားဖြစ်သူ မာဂျိုရီ ဂရန်ဒီဟာလည်း သူမ အယ်လ်ဘမ်ထဲက နောက်ဆုံးသီချင်းမှာ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

ဂီတအနုပညာလုပ်ရှားမှုတွေအပြင် အခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ဂီတ စိတ်ကူးယဉ်ရုပ်ရှင် “Wicked” မှာ သူမရဲ့ ရည်းစားအသစ် စလိတ်တာနဲ့ အတူ ဂရန်ဒီကို မြင်တွေ့ရဖို့ရှိနေပြီး ဒီဇာတ်ကားကိုတော့ လာမဲ့ နိုဝင်ဘာလမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *