၅.၃.၂၀၂၄
Written by Thinzar

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ နှင်းဝိရွာမကျေးရွာ၏အနောက်တောင်ဘက် (၂) ဖာလုံခန့်အကွာရှိ ချောင်းဆုံတံတားအရောက်တွင် PDF များမှ အုပ်ချုပ်ရေးမှူးနှင့်အမျိုးသားတစ်ဦးတို့ကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် ဒိုက်ဦးမြို့မှ သံတံတားကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးတို့ ပြန်လာစဥ် ချောင်းဆုံတံတားတွင် စောင့်ဆိုင်နေသည့် PDF များမှ ၎င်းတို့ကိုသေနတ်ဖြင့် ပစ်ခတ်ပြီးထွက်ပြေးသွားခြင်းဖြစ်သည်။

“ဘယ်သူက သတင်းပေးလဲတော့မသိဘူး။ သတင်းပေးတဲ့သူ ရှိလို့ သူတို့စောင့်ဆိုင်းပြီး ပစ်တာ။ ခုတော့ တော်သေးတယ် ဒဏ်ရာပဲရလို့။ ကျန်တာကိုတော့ လုံခြုံရေးအရ မဖြေချင်တော့ပါဘူး” ဟု ဒိုက်ဦးမြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။

PDF များက သေနတ်ဖြင့်ပစ်ခတ်ခံရသူများမှာ သံတံတားကျေးရွာနေ အသက်(၅၂) နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တစ်ရွာတည်းနေ အသက်( ၆၇) နှစ်အရွယ် ဦးသိန်းမြင့်တို့ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာများရရှိ၍ ဆေးကုသမူခံယူနေရကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *