၁၉. ၂. ၂၀၂၄
Written By Thandar
Myanmar STAR Top 12 Result Show သီချင်းဆိုပြိုင်ပွဲမှာ Special Guest အနေနဲ့ ပါဝင်သီဆိုခဲ့တဲ့ တေးသံရှင်အောင်ကိုကို ကို တေးရေးဆရာမြင့်မိုးအောင်က “တုနှိုင်းမဲ့ရတနာ” တေးသီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါ သီချင်းဆိုပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီ ၁၈ရက် ညပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Canvas Studio မှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

“ကျွန်တော်က လေလွင့်ခြင်း လမ်းမများ သီချင်းကိုတော့ ကိုအောင်ကိုအသံကြားရတာ စိတ်ထဲမှာ ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့သူငယ်ချင်းဖြစ်တဲ့ ထူးအိမ်သင်ကိုသတိရတယ်။ ကျွန်တော့်သူငယ်ချင်းထူးအိမ်သင်က အရင်က နည်းနည်းဆိုးတဲ့လူငယ်ပေါ့။ သူ့အကြောင်းကို ကြည့်ပြီး ရည်ရွယ်ပြီး ရေးခဲ့တဲ့ သီချင်းလေးပါ။ ထူးအိမ်သင်ရဲ့ အသံကလည်း ကြင်နာနွေးထွေးမှုတွေပါသလို ကိုအောင်ကိုရဲ့ အသံမှာ ကြင်နာနွေးထွေးမှုတွေရှိတယ်လို့ မြင်တယ်။ ပင်ကိုယ် ရင်ထဲစိတ်ထဲမှာ လောဘ ဒေါသ မောဟ ဓာတ်တွေ နည်းစွာနဲ့ သီဆိုထားတယ်လို့ မြင်ရတယ်။ မေတ္တာဓာတ်ပါမှ ဆိုလို့ရတဲ့ သီချင်းလေးပါ။ “တုနှိုင်းမဲ့ရတနာ” တေးသီချင်းတစ်ပုဒ်လက်ဆောင်ပေးပါတယ်” လို့ တေးရေးဆရာ မြင့်မိုးအောင်က ပြောပါတယ်။ Myanmar Star သီချင်းဆိုပြိုင်ပွဲကလည်း Suprise ဆုကြေးငွေ သိန်း ၁၀၀ ပေးအပ်ချီးမြင့်ခဲ့ပါတယ်။
ဒ့ါပြင် အဆိုတော် ဟဲလေးကလည်း ” မျက်စိမှိတ်ချစ်နေမယ်” သီချင်းလေးကို လက်ဆောင်ပေးထပ်မံပေးခံရသူလည်းဖြစ်ပါတယ်။
အောင်ကိုကိုက မျက်မမြင်အဆိုတော်ဖြစ်ပြီးတော့ လက်ရှိလူကြိုက်အများဆုံးသီချင်းတွေထဲက လေလွင့်ခြင်း လမ်းမများ၊ ထွက်သွားပေးပါ၊ တုနှိုင်းမဲ့ရတနာ၊ ပြန်မလာတော့ဘူးကွယ် စတဲ့ သီချင်းများကို ပရိသတ်နဲ့ ရင်ဘတ်ချင်းထိစေခဲ့တာဖြစ်ပါတယ်။


