၁၇.၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ငါးကန်လမ်း၊ ငါးလုပ်ငန်းဦးစီးပိုင် ငါးကန်တွင် ငါးဆင်းဖမ်းသော အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖေဖော်ဝါရီ ၁၆ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
သေဆုံးသူမှာ အသက် ၃၅ နှစ် အရွယ်ခန့်ရှိပြီး ပိုင်ရှင်မည်သူမည်ဝါဖြစ်သည်ကို ဖေဖော်ဝါရီ ၁၇ရက်နေ့အထိ မသိရှိရသေးကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း(ရွှေပြည်သာ)We Love Care ထံမှ သိရသည်။
သေဆုံးသူ အမျိုးသားကို အသင်းဝင် ၃ ဦးက အင်းစိန်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး PR 10 ဖြင့် လက်ခံထားကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ ကျွန်းကုန်းကျေးရွာ၊ စိုက်ပျိုးရေး ရေပေးဆည်မြောင်းအတွင်း အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။




