၁၅.၂.၂၀၂၄
Written By Thandar

သာသနာပြုဇာတ်လမ်းပုံစံ “အစိုးမရ အနတ္တ” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားကို လွန်ခဲ့တဲ့ (၇) နှစ်လောက်က ရိုက်ခဲ့တာပါ။ မကြီးစိုး(ခ)စိုးမြတ်သူဇာက ကိုယ့်ရဲ့ အမေနေရာကပေါ့။ ဒီကားလေးက ဇာတ်လမ်းက ရိုမန့်ဒရာမာလေးပါ။ ဆယ်ကျော်သက် လူငယ်ဘဝရော၊ အသက်ကြီးသွားတဲ့ လူကြီးပိုင်း ဘဝရော ဇာတ်ရုပ်နှစ်မျိုး နဲ့ သရုပ် ဆောင်ထားတယ် ” လို့ သရုပ်ဆောင် နန်းဆုဦး ကပြောပါတယ်။

ဒီဇာတ်ကားကတော့ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇေယျာရွှေပြည် ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်း ထုတ်လုပ်တာဖြစ်ပြီးတော့ ဝတ္ထု မောင်လှမျိုး(ချင်းချောင်းခြံ)၊ ဇာတ်ညွှန်းမောင်အောင် (ရူပဗေဒ) တို့က ရေးသားပြီး ဒါရိုက်တာ ဗန်းကြီးက တွံတေး၊ ဆယ်အိမ်တန်း စတဲ့နေရာတွေမှာ ၂၀၁၉ ခုနှစ်က ဒုတိယမြောက်သာသနာပြုဇာတ်လမ်းပုံစံဖန်တီးခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ညိမ်းသော်၊ ဇာတိ၊ စိုးမြတ်သူဇာ၊ နန်းဆုဦး၊ မေသုကျော်၊ ခင်မို့မို့အေး၊ စိုးမိုးကြည်၊ ဦးဝင်းမြိုင် စတဲ့ အခြား သရုပ်ဆောင်သစ်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

အစိုးမရအနတ္တ ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာတော့ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *