၃-၁၂-၂၀၂၂
Written By Naddy

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်၏ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားသော ” ဆရာဝန်စစ်စစ် ဖြစ်ချင်တယ် ” ရုပ်သံဇာတ်လမ်းတွဲကို ယနေ့ ဒီဇင်ဘာ ၃ရက် ည ၈နာရီတွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

“ဂျူးက ဒီဇာတ်လမ်းတွဲလေးမှာ ဒုတိယခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပျိုကြီး ဆရာဝန်မလေး ဒေါက်တာ အေးအေးခိုင်နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်ရှင့်။ ဒီကားလေးက Medical Drama Series လေးပါ” ဟု ဂျူးစံသာက ပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲသည် အမျိုးကောင်းသမီးလေးများအတွက် သိသင့်သိထိုက်သော ကျန်းမာရေးဆိုင်ရာ ဗဟုသုတ၊ မှတ်သားဖွယ်ရာများစွာပါဝင်‌သည့် ဇာတ်လမ်းတွဲဖြစ်ကြောင်းသိရသည်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ဇော်ဗိုလ်ဗိုလ်ဟိန်း နှင့် မောင်ဖုန်း၊ ဒါရိုက်တာ သက်လွင်အောင်က ရိုက်ကူးကာ သရုပ်ဆောင်များ‌ဖြစ်ကြသော နေလ ၊ သွန်းသစ္စာဇော် ၊ ဂျူးစံသာ ၊ ငုဝါခိုင်၊ ဇေရ ၊ ဇော်ဝင်းနိုင် ၊ မေသင်းကို၊ လဝန်းထက် ၊ ဖြိုးအိန္ဒြာမင်း ၊ ယမုံမြင့်မြတ်၊ ငြိမ်းချမ်းကိုကို ၊ ဆက်ရန်နိုင်၊ အောင်ထွဋ်‌နောင် ၊ လွန်းခြယ် ၊ သုန္ဒြေမူးသာ၊ မေပုလဲခင် ၊ ခခစံ ၊ မေပိုပိုချစ် ၊ စိုင်းဇေယျ၊ သျှား၊ ဝတ်ရည် ၊ ခင်မိုမိုအောင် ၊ ချစ်သဲကြယ်စင် ၊ ထက်ထက်ဝင်း ၊ မှူးသီဟသူ ၊ မိုက်မိုက် ၊Lucas ၊ ရှိင်းမာန်၊ နေဆန်း ၊ သန်းသန်းစိုး ၊ လှမျိုးသဉ္ဇာနွယ် ၊ ဝေလု နှင့် သရုပ်ဆောင်များစွာက ပါဝင်ထားကြသည်။

“ဆရာဝန်စစ်စစ် ဖြစ်ချင်တယ်” ဇာတ်လမ်းတွဲ အပိုင်း ၁၀ ပိုင်းကို MRTV-4 Channel မှ ယနေ့ ဒီဇင်ဘာ ၃ရက် ည ၈ နာရီမှစတင်ကာ (စနေနှင့်တနင်္ဂနွေနေ့) အပတ်စဉ် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *