၆.၁.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ထန်းလှပင်ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းက ထော်လာဂျီတစ်စီး အရှိန်လွန်ကာ တောင်ကမ်းပါးရံသို့တိုက်မိပြီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာငံလူမူကယ်ဆယ်အဖွဲ့ထံမှ သိရသည်။
ထော်လာဂျီတိမ်းမှောက်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ထော်လာဂျီမောင်းသူမှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ်အမျိုးသားမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်သွားတော့ တစ်ယောက်က ထော်လာဂျီအောက်မှာ။ နောက်တစ်ယောက်ကတော့ ထော်လာဂျီဘေးမှ ကျနေတာ။ ဒဏ်ရာရသူကိုတော့ ရွာငံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးထားပါတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
ထော်လာဂျီတိမ်းမှောက်မှုကို ရွာငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၅ ဦးက လူနာတင်ယာဥ် ၂စီးဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ပြီး သေဆုံးသူအမျိုးသားကို ရွာငံမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။




