၁. ၂. ၂၀၂၄
Photo by Naing Thuta
အာဏာထိန်းသိမ်းခံရမှု ၃ နှစ်ပြည့်အဖြစ် Silent Strike လုပ်ဆောင်ဖို့ NUG နဲ့ PDF တွေက တိုက်တွန်းနှိုးဆော်ထားပေမဲ့ မန္တလေးမြို့ပေါ်က အများပြည်သူတွေကတော့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားလျှက်ရှိပါတယ်။
“ဒီနေ့ မန္တလေးမှာတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြတာပါပဲ။ မနက် ၁၀ နာရီကျော်လောက်ကတော့ အသွားအလာ နည်းနည်းပါးသွားပေမဲ့ ၁၀ နာရီခွဲလောက်ကျ ပုံမှန်အတိုင်းလူတွေ သွားလာကြတော့တာ။ ဘာသပိတ်မှလည်း မပါဝင်နိုင်ပါဘူးဗျာ။ ကိုယ်တစ်ရက်အလုပ်မလုပ်ရင် ဘယ်သူတွေက လာကျွေးကြမှာလဲ”လို့လည်း စျေးချိုမှာ စျေးရောင်းချသူတစ်ဦးက ပြောပါတယ်။









