၁၆.၁.၂၀၂၄
Written by KL

ကချင်ပြည်နယ် မြစ်ကြီးနားမြို ရမ်ပူရပ်ကွက်မှာ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ဖုန်းအားသွင်းရင်း ဖုန်းပြောရာက အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားကြီးတစ်ဦးကတော့တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။

တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရရှိသူဟာ အသက် ၄၂ နှစ်အရွယ် ဦးမင်းဦးဆိုသူဖြစ်ပြီး မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ လက်နဲ့ ခြေထောက်အပါအဝင် တစ်ကိုယ်လုံးနီးပါး မီးလောင်ဒဏ်ရာ ရရှိခဲ့လို့ အသက်အန္တရာယ် စိုးရိမ်ရခဲ့သလို နေအိမ်က အမျိုးသမီး နှစ်ဦးဟာလည်း မျက်နှာနဲ့ လက်တိုမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖုန်းအားသွင်းရင်း ဖုန်းသုံးတာကြောင့် အပူလွန်ပေါက်ကွဲမှုမှာ ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့ အမျိုးသားကို မြစ်ကြီးနား ပြည်သူ့ဆေးရုံ တင်ပိုကုသနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *