၁၆. ၁. ၂၀၂၃
Written by Pan Ei

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက မနေ့ (ဇန်နဝါရီ ၁၅ ရက်) က နေ့ကလေးထိန်းကျောင်းတစ်ခုကို စီးနင်းခဲ့ရာ တရားဝင်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေပြီး ရက်လွန်နေထိုင်နေတယ်လို့ သံသယရှိသူ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာ Baharuddin Tahir က အဆိုပါ ကျောင်းခြံဝင်းအတွင်း နိုင်ငံခြားသားတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ တိုင်ကြားမှုတွေကြောင့် မနေ့က မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။

စစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား ၂၆ ဦးအနက် ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားရာ ဖမ်းဆီးခံရသူတွေက အင်ဒိုနီးရှားက အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံက အမျိုးသား ၂ ဦးတို့ ဖြစ်ပြီး သူတို့ဟာ အသက် ၂၈ နှစ်ကနေ ၄၈ နှစ်ကြားဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ သီးခြားထုတ်ပြန်ချက်တစ်ခုအရ Muar မြို့က အဆောက်အအုံ ကိုးခုနဲ့ Endau မြို့က အဆောက်အအုံ နှစ်ခုတို့ကို ဇန်နဝါရီ ၁၄ ရက်နဲ့ ဇန်နဝါရီ ၁၅ ရက်တို့က စီးနင်းမှုတွေအတွင်း ဘင်္ဂလားဒေ့ရှ်က လေးဦး၊ မြန်မာက နှစ်ဦး၊ နီပေါနဲ့ ဗီယက်နမ်နိုင်ငံတို့က တစ်ဦးစီနဲ့ အသက် ၂၂ နှစ်ကနေ ၃၈ နှစ်ကြား အမျိုးသားရှစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News