၁၄. ၁. ၂၀၂၄
Written by Hey Mar

ဆိုင်ကယ်နဲ့မြေသယ်ယာဥ် ကွေ့ကြောမှာမျက်နှာချင်းဆိုင် တိုက်မိရာက ဆိုင်ကယ်စီးနင်းလာသူအမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ် လားရှိုး-သီပေါပြည်ထောင်စုလမ်းမကြီးမှာ ဒီနေ့ ဇန်နဝါရီ ၁၄ ရက် မနက် ၉ နာရီကျော်ကဖြစ်ပွားခဲ့တယ်လို့ လားရှိုးအခြေစိုက် ပရဟိတအသင်းကနေသိရပါတယ်။

ဖြစ်စဥ်မှာ လားရှိုး-သီပေါပြည်ထောင်စုလမ်းမကြီး၊ ခိုဆန်ထန် အန္တရာယ်ကွေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ ဦးခေါင်းကွဲ​၊ ဦးနှောက်ထွက်ဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အမည်၊ နေရပ် မသိရှိရသေးဘဲ ရုပ်အလောင်းကို မေတ္တာစမ်းရေလူမှုကူညီရေးအသင်းနဲ့ လားရှိုးလူငယ်ပရဟိတအသင်းတို့ ပူးပေါင်းကာ သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံက (PR-012)နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *