Min Mahar

သပိတ်ကျင်းနဲ့ စဉ့်ကူးက အုပ်ချုပ်ရေးမှုးနှစ်ဦး အမျိုးသမီးတစ်ဦးနဲ့ အရပ်သားတစ်ဦးကို ဗိုလ်လင်းယုန် PDF အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း ကြေညာချက်နဲ့ မသတ်ဖြတ်မီ ဗိုလ်လင်းယုန်အဖွဲ့ ထုတ်ပြန်တဲ့ မြင်ကွင်းဖြစ်ပါတယ်။

မန္တလေးတိုင်းဒသကြီး၊ စဥ့်ကူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမိ၊ သပိတ်ကျင်းမြို့နယ် ၊ ပုဏ္ဏားလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းခေါင်နဲ့ သူ့ရဲ့ ဇနီးအပါအဝင် အရပ်သား ၁ ဦးတို့ကို ပြင်ဦးလွင်ခရိုင် ပကဖ – ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖမ်းဆီးထားပြီးရှင်းလင်းခဲ့ကြောင်း Video Movie နဲ့တကွ နိုဝင်ဘာ ၂၆ ရက် မှာ ထုတ်ပြန်ပြောဆိုထားတဲ့မြင်ကွင်းဖြစ်ပါတယ်။

လူလေးဦးကို သတ်ဖြတ်တဲ့အပြင် သပိတ်ကျင်းနဲ့ စဥ့်ကူး မြို့နယ်အတွင်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးတွေ၊ စာရေးတွေနဲ့ SAC ထောက်ခံသူအားလုံးကို နိုဝင်ဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အတွင်း ထွက်ခွာသွားဖို့ သတိပေးထားပြီး SAC လက်အောက်က နှုတ်ထွက်ကြောင်း စာရွက်ပေါ်လက်မှတ်ထိုးပြီး အင်တာနက်ပေါ် တင်တာမျိုးလည်း လက်မခံတော့ဘူးလို့လည်း ခြိမ်းခြာက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။

Movie Credit ဗိုလ်လင်းယုန်

Leave a Reply

Your email address will not be published. Required fields are marked *