၁၄. ၁. ၂၀၂၄

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာလမ်းတွင် ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ဓာတ်တိုင်ပေါ်ရှိ ဝိုင်ဖိုင်(Wifi)ကြိုးများပြုပြင်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီခန့်က အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာလမ်းရှိ ဓာတ်တိုင်ပေါ်တွင် ဝိုင်ဖိုင်(Wifi)ကြိုးများ ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့​ခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် မြတ်ကုသိုလ်လူမှုကယ်ဆယ်​ရေးအသင်းထံမှ သိရသည်။

“ဓာတ်လိုက်သေဆုံးတဲ့သူက ဘယ်လက် ပွန်းပဲ့ဒဏ်ရာပဲ။အဲ့ဒီနေရာပဲ ဒဏ်ရာတွေ့ပါတယ်”ဟု မြတ်ကုသိုလ်လူမှုကယ်ဆယ်​ရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ဓာတ်လိုက်သေဆုံးသူ၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ မြတ်ကုသိုလ် လူမှုကယ်ဆယ်​ရေး အသင်းမှ အသင်းသားများက ကူညီပို့ဆောင်ပေးခဲ့​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *