၁၄ .၁.၂၀၂၄

Written by Hey Mar

Hijet ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ တစ်ဖက်ယာဥ်ကြောက မောင်းနှင်လာတဲ့ တက္ကစီနဲ့ မျက်နှာချင်းဆိုင်တိုက်မိရာက ယာဥ်မောင်းစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး လူနာ ၃ ဦး ပေါက်ပြဲသွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဥ် မနေ့က ဇန်နဝါရီ ၁၃ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်အခြေစိုက် လူမှုကူညီရေအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၁၃ ရက် ည ၁၀ နာရီ အချိန်ခန့်မှာ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမကြီး ပြည်တော်သာလမ်းဆုံအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် Hijet ယာဥ် တိမ်းမှောက်ကာ ယာဥ်မောင်း ကားအောက်မှာ ပိညပ်နေခဲ့တယ်လို့ Insein Volunteer Team က မြေပြင်မှာ ကူညီရတဲ့ အခြေအနေကို ပြောပြပါတယ် ။

Insein Volunteer Team တာဝန်ရှိသူက”ယာဥ်တိုက်မှုက Suzuki Hijet က အရှိန်မထိန်းနိုင်ဘဲ တက္ကစီကို ဝင်တိုက်တာပါ။ Hijet က တုံးလုံးလဲပြီး ယာဥ်မောင်းညပ်သွားလို့ ကြက်ခြေနီနဲ့အရန်မီးသတ်တပ်ဖွဲ့တွေ ဝိုင်းဝန်းကယ်ထုတ်လိုက်ပါတယ်။ ခေါင်းထိတယ် အရိုးကျိုးဒဏ်ရာလည်းရထားတာမို့ စိုးရိမ်ရတဲ့ အနေအထားပါ” လို့ ပြောပါတယ်။

အဆိုပါယာဥ်တိုက်မှုကြောင့် စိုးရိမ်ရဒဏ်ရာရ အမျိုးသား(၁)ဦးနဲ့ မစိုးရိမ်ရဒဏ်ရာရ အမျိုးသား(၃)ဦး စုစုပေါင်း(၄)ဦး တို့ကို ကြက်ခြေနီသူနာတင်ယာဥ်၊ စိန်ရတနာလူမှုကူညီရေးအသင်း သူနာတင်ယာဥ်တွေနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo -InseinVolunteerTeam

Leave a Reply

Your email address will not be published. Required fields are marked *