၁၃. ၁. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ပတုံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသူဟိုတယ်ဝန်ထမ်းတစ်ဦးကို ရွှေထည်ပစ္စည်းတွေဝယ်ယူဖို့ နိုင်ငံခြားခရီးသွား ၃ ဦးရဲ့ ငွေသားတွေ ခိုးယူမှုသံသယနဲ့ ဖမ်းဆီးခဲ့ပြီး အထောက်အထားတွေအနေနဲ့ ရွှေဆွဲကြိုးနှစ်ကြိုး၊ ရွှေလက်ကောက်နှစ်ကွင်းနဲ့ ရွှေလက်စွပ်နှစ်ကွင်းတို့ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

ငွေသားခိုးယူခံရတဲ့ နိုင်ငံခြားသား သုံးဦးဟာ ဆွီဒင်နိုင်ငံက အမျိုးသားတစ်ဦးနဲ့ ဆိုက်ပရပ်စ်က ညီအစ်ကို နှစ်ဦးတို့ ဖြစ်ကြပါတယ်။ ငွေပျောက်ဆုံးလို့ တိုင်ကြားချက်တွေအရ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက အဆိုပါဟိုတယ်ကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့ဝင်တွေက ရောက်ရှိလာချိန်မှာ ထူးထူးခြားခြား ပြုမူနေတဲ့ မြန်မာနိုင်ငံသူ မလှလှဝင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ သူမဟာ ဟိုတယ်နောက်ကို ပြေးသွားခဲ့တာကြောင့် ရဲတွေက လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမက ငွေတွေခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဆိုင်အသီးသီးကနေ လက်ဝတ်ရတနာတွေဝယ်ဖို့ ဘတ်ငွေ ၁၄၀,၀၀၀ သုံးစွဲခဲ့တယ်လို့ မလှလှဝင်းက ရှင်းပြခဲ့ပါတယ်။

အခုလက်ရှိမှာတော့ တရားခံကို ပတုံမြို့မရဲစခန်းကို ပို့ဆောင်ထားပြီး အမှုစစ်ဆေးဖို့ သက်သေပစ္စည်းတွေလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။

Ref; The Phuket News

Leave a Reply

Your email address will not be published. Required fields are marked *

Related News