၁၂.၁.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ ဣန္ဒာ ၁၂ လမ်းတွင် ဇန်နဝါရီ ၁၂ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၃လုံး၊ RC ၄ထပ်တိုက် ဘေးခြမ်းနှင့် ကား၂ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ အလျား ပေ ၂၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုးပျဥ်ကာပျဥ်ခင်း တစ်ထပ်နေအိမ်တွင် ဖိနပ်ကော်အား ဓာတ်ဆီဖြင့်ရော၍ မော်တာဖြင့်မွှေနေစဥ် မော်တာဂျန့်ဖြစ်ကာ မီးပွားထွက်ပြီး ဖိနပ်ကော်နှင့် ဓာတ်ဆီရောမွှေထားသော ပုံးအတွင်း မီးပွားကျ၍ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၁၅ မိနစ်ကျော်ကြာမြင့်ခဲ့ပြီး အလျား ပေ ၂၀၊အနံ ပေ ၆၀ သွပ်မိုး အုတ်ညှပ် ပျဥ်ခင်းနေအိမ် အပေါ်ထပ်၊ အလျား ပေ၂၀၊ အနံ ပေ၆၀ သွပ်မိုး ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ် ၂ လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၆၀ ရှိ RC ၁ ခန်းတွဲ ၄ ထပ်တိုက် ဘေးခြမ်းနှင့် MG အမျိုးအစား EV ယာဥ် အဖြူရောင် ၁ စီး၊ TOYOTA BB ဇီးရောင်ယာဥ် ၁ စီးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရပြီး အဆိုပါ နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ရေသယ်ယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊မီးသတ်တပ်ဖွဲ့ဝင် ၉၀ခ န့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *