၁၁.၁.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာတွင် ဇန်နဝါရီ ၁၁ ရက် နံနက် ၅ နာရီခွဲခန့်က အမှိုက်များ မီးရှို့၍ မီးလှုံနေသော အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် အသက် ၇၃ နှစ်အရွယ် အဘွားအိုမှာ ရာသီဥတုအေးသဖြင့် နေအိမ်ရှေ့တွင် တစ်ဦးတည်း အမှိုက်များ မီးရှို့၍ မီးလှုံရာမှ မီးတောက်ထွက်ပြီး လုံချည်ကို မီးကူးစက်လောင်ကျွမ်းရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အဘွားအိုတွင် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရရှိသဖြင့် အလင်းစက်လူမှုကူညီရေးအသင်းက တိုက်ကြီး​မြို့နယ်ပြည်သူ့ဆေးရုံမှ ရန်ကုန် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က သေဆုံးခဲ့သ​​​ဖြင့် ပီအာရ် ၀၂၉​ ဖြင့် လက်ခံထားကြောင်း သိရသည်။

အဆိုပါ မီးလောင်သေဆုံးမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *