MT News
၂၉. ၁၂. ၂၀၂၃

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဘုရားဖူးအများပြည်သူတွေ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစ မနက် ၅ နာရီကနေ ည ၉ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ပေးမယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။

ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ရွှေတိဂုံစေတီတော်ဖူးမြော်ခွင့်ပိတ်ထားပြီး ပြန်ဖွင့်ချိန်က နေ့ဘက်သာဖွင့်လှစ်ပြီး ညနေ ၆ နာရီမှာ ဘုရားဖူးခွင့်ပိတ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်ကစပြီး မနက် ၅ နာရီကနေ ည ၈ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ရာက လက်ရှိမှာ နေ့စဥ် နံနက် ၅ နာရီကနေ ၉ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်လာတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News